၂၀၂၂ ခုနှစ် BCIMဆုကိုမြန်မာနိုင်ငံသားပိုင် Global Technology ကုမ္ပဏီက ရရှိ

0
233

၂၀၂၂ ခုနှစ် BCIMဆုကိုမြန်မာနိုင်ငံသားပိုင် Global Technology ကုမ္ပဏီက ရရှိ

မြန်မာနိုင်ငံသားပိုင် Global Technology ကုမ္ပဏီသည် Deloitte ကုမ္ပဏီနှင့် JobNet.com တို့မှ ၂၀၂၂ ခုနှစ်အတွက် အကဲဖြတ်ရွေးချယ်ပေးခဲ့သည့် BCIM Award(Best Companies to Work in Myanmar)မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ ဆုရရှိခဲ့သည်။

၂၀၂၂ ခုနှစ်အတွက် Employee’s Choice Award များကို မြန်မာပြည်တွင်းရှိ ကုမ္ပဏီကြီးများ၏ Employee Engagement Score များအား အကဲ ဖြတ်၍ ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုရရှိရန်ပါဝင်ယှဉ်ပြိုင်သည့် ကုမ္ပဏီကြီးများသည် မေးခွန်းပေါင်း(၇၀)ပါဝင်သော Anonymous Online Employee Survey(ဝန်ထမ်းများမှဖြေဆိုသော လျှို့ဝှက်အွန်လိုင်းစစ်တမ်း) မေးမြန်းစစ်ဆေးခြင်းကို ခံခဲ့ရပြီး ရလာဒ်များကို Deloitte ကုမ္ပဏီက စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။

ယင်း BCIM စသ်တမ်း အား Company Purpose and Strategic Alignment , Management and Leadership , My Work , Communication and Teamwork , Personal Growth and Development Opportunities , Recognition, Reward and Benefits , Work Environment ဟူသည့် အချက်အလက်(၇)ချက်အပေါ် မူတည်၍ ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

BCIM ဆုရရှိသည့် Global Technology Group သည် မြန်မာ့အမြန်ဆုံးအင်တာနက်ဆုရကုမ္ပဏီတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍရှိ Telecom, Media, Technology(TMT) စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၀၂ ပြည့်နှစ်မှစတင်၍ နည်းပညာအဖွဲ့အစည်းအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

လက်ရှိတွင် အင်တာနက်နှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍ၌ ဈေးကွက်ဦးဆောင်သူတစ်ဦးအဖြစ် Broadband Internet နှင့် Telecommunications Infrastructure၊ Digital Infrastructure လုပ်ငန်းများအား နိုင်ငံပေါင်း(၄)နိုင်ငံတွင် ရုံးခန်း(၁၁)ခု ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။

“BCIM Award ဟာ ၂၀၂၂ ခုနှစ်အတွက် ကျွန် တော်တို့ ကုမ္ပဏီရဲ့ Milestones တစ်ခုဖြစ်ပါတယ် တိုးတက်မှုတွေကို စဉ်ဆက်မပြတ်ရှာဖွေစေပြီး ဝန်ထမ်းတွေကို တိုးတက်စေနိုင်ဖို့ အခွင့်အ လမ်းများ ဖန်တီးပေးတာမျိုးအပြင် အခုလို VUCA World မှာ Job Security ပေးစွမ်းနိုင်မှုတွေဟာ ကုမ္ပဏီအနေနဲ့လူမှုအသိုင်းအဝန်းကို ပေးတဲ့ ကတိတစ်ခုပါ”ဟု Global Technology ကုမ္ပဏီ ဥက္ကဋ္ဌဦးရှိန်းသူအောင်ကပြောသည်။

အလားတူ Business Continuity နှင့် Sustainability တို့သည် Global Technology ကုမ္ပဏီ၏ အသက်ဝင်တန်ဖိုးထားရသည့် အချက်တစ်ချက်ဖြစ်သည်ဟု Global Technology ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးသိန်းသန်းတိုးကပြောကြားခဲ့သည်။

Global Technology ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများနှင့်နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက်ဝန်ဆောင်မှုပေးနိုင်ခဲ့သည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည်။

အလားတူ စီးပွားရေးလုပ်ငန်းများတွင် ICT နည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့်ဒေတာဆိုင် ရာ Infrastructure များ၊ Cloud Computing ဝန် ဆောင်မှုများ၊ အိုင်တီဝန်ဆောင်မှုများနှင့်နည်းပ ညာအကြံပေးခြင်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here