ဆင်ပေါင်ဝဲတွင် ကားတစ်စီးတိမ်းမှောက် ၊တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

0
250

ဆင်ပေါင်ဝဲတွင် ကားတစ်စီးတိမ်းမှောက် ၊တစ်ဦးသေဆုံးကာ ၄ ဥဦးဒဏ်ရာရ

မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့နယ်ရှိ ပြည်-အောင်လံ-တောင်တွင်းကြီးသွားကားလမ်းတွင် စက်တင်ဘာ ၁၈ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ပြည်-အောင်လံ-တောင်တွင်းကြီးသွားကားလမ်းတွင် Dyna ကားတစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ ဧကရာဇ်နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊လူ မှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ် ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား သင်္ခါရလူမှုကူညီရေးအ သင်းကားဖြင့် အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားလမ်းဘေးက မြက်ပင်တွေချုံတွေနားမှာမှောက်သွားတာ ဘယ်လိုဖြစ်ပြီးမှောက်သွားတယ်ဆိုတာကတော့ ကားမောင်းတဲ့လူပဲသိလိမ့်မယ်” ဟု ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here