မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆုများပေးအပ်ချီးမြှင့်

0
577

မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲတွင် ဆုရရှိသူများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆုများပေးအပ်ချီးမြှင့်

မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲနှင့် (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအ တွက် လူသစ်တန်းပြိုင်ပွဲတို့၌ ဆုရရှိသူများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲအား ရန်ကုန်မြို့၊မရမ်းကုန်းမြို့ နယ်၊မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ၌ စက်တင်ဘာ ၁၈ ရက်ကကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသားအသက်(၂၁)နှစ်နှင့်အောက်အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ ၅၅ ၊၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၀ နှင့်အထက်ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲများတွင် ကာယဗလမောင်များက သတ်မှတ်ကိုယ်ဟန် ၇ မျိုးဖြင့်ပြသပြီးနောက် ပဏာမရွေးချယ်ခဲ့ကြသည်။

ထို့ပြင် အမျိုးသား၊အမျိုးသမီး Athlctic Physique ပြိုင်ပွဲ၊အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)ပြိုင်ပွဲ၊ အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိုးသား Sports Physique (၁၇၀ စင်တင်မီ တာ)ပြိုင်ပွဲ၊အမျိူးသား Sports Physicque (၁၇၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိုးသမီး Fitness Physique ပြိုင်ပွဲများတွင် ကာယဗလမောင်မယ်များကသတ်မှတ်ကိုယ်ဟန် ၇ ခုနှစ်မျိုးဖြင့်ယှဉ်ပြိုင်ပြီးနောက် ပဏမရွေးချယ်ခဲ့သည်။

အလားတူ ဗိုလ်လုပွဲပြိုင်ပွဲများတွင် ပဏာမရွေး ချယ်ခံရသည့် ကာယဗလမောင်မယ်များကသတ် မှတ်ကိုယ်ဟန် ၇ ခုနှစ်မျိုးဖြင့်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ပထမ၊ဒုတိယ၊တတိယနှင့်နှစ် သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့်‌ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Photo-Aung Naing Win

 


LEAVE A REPLY

Please enter your comment!
Please enter your name here