ဗြိတိသျှအင်ပါယာ ၏ ဓနသဟာယ နိုင်ငံများ ​လျော့သွားနိုင်သလို အင်ပါယာခေတ်က ဆက်ဆံရေးပုံစံဟောင်းတချို့​ပြောင်းလဲသွားနိုင်

0
172

ဗြိတိသျှအင်ပါယာ ၏ ဓနသဟာယ နိုင်ငံများ ​လျော့သွားနိုင်သလို အင်ပါယာခေတ်က ဆက်ဆံရေးပုံစံဟောင်းတချို့​ပြောင်းလဲသွားနိုင်

ဒုတိယ​မြောက်အဲလစ်ဇဘက်ဘုရင်မသည် ဘဟားမားစ် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ၏ ဓနသဟာရ ဘုရင်မလည်း ဖြစ်ခဲ့သည်။

ယခုအခါ ချားလ်စ်သည်ဘုရင်ဖြစ်လာပြီဖြစ်သော်လည်း သူစိုးမိုးရမည့်နယ်ပယ်သည် ကျဉ်းသွားနိုင်​ချေရှိသည်။

ဘဟားမားစ်၀န်ကြီးချုပ်သည် ဘုရင်မကြီးအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ်ရေးထိုးခဲ့​သော်လည်းဝန်ကြီးချုပ် Phillip Davis က သူသည်​ ဆက်ခံသူ တတိယ​မြောက် ချားလ်စ်ကို ဘဟားမားစ် တွင် တရားဝင်နိုင်ငံတော် အကြီးအကဲအဖြစ်မှ ဖယ်ရှားပြီး လွတ်လပ်ခဲ့သော သမ္မတနိုင်ငံအဖြစ် ပြောင်းလဲရန် ဆန္ဒခံယူပွဲကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မတ်လတုန်းကလည်း  မင်းသားဝီလျံ၊ ကြင်ယာတော် ကိတ်၊ မင်းသားအက်ဒွပ်နှင့် Wessex ၏ Countess တို့သည် ကာရစ်ဘီယံကိုလိုနီနယ်ဟောင်းသို့ တော်ဝင်ခရီးထွက်စဉ်တွင် ဆန္ဒပြပွဲများနှင့် တောင်းဆိုမှုများနှင့် ကြုံဆုံခဲ့ကြရသည်။ 

ဂျမေကာ၊ ​ဘေလီဇ် နှင့် ဘဟားမားစ် နိုင်ငံတို့က ​တော်ဝင်စားရိတ်​တွေ ထည့်​ဝင်ပေး​နေရမူအ​ပေါ်မ​ကျေနပ်မူများရှိ​နေ၍ဖြစ်သည်။

Source: nbcnews.com


LEAVE A REPLY

Please enter your comment!
Please enter your name here