မော်လ်ဒိုက်၌ ကန်သံရုံးဖွင့်လှစ်ရန်မျှော်လင့်ဟုဆို

0
139

မော်လ်ဒိုက်၌ ကန်သံရုံးဖွင့်လှစ်ရန်မျှော်လင့်ဟုဆို

ဝါရှင်တန်၊စက်တင်ဘာ ၁၉

မော်လ်ဒိုက်နိုင်ငံ၌ ပထမဆုံးအမေရိကန်သံရုံးကို ယခုနှစ်ကုန်ပိုင်း (သို့) လာမည့်နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ကြောင်း မျှော်မှန်းထားပြီး ဝါရှင်တန်ရှိ မော်လ်ဒိုက်သံရုံးကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်မျှော်လင့်ကြောင်း မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ (၁၈) ရက် တနင်္ဂနွေနေ့၌ပြောကြားခဲ့သည်။

မော်လ်ဒိုက်နှင့်အမေရိကန် သံတမန်ရေးရာ ဆက်ဆံမှုများကို လက်ရှိတွင် နိုင်ငံရေးအရ ဒုက္ခရောက်နေသော သီရိလင်္ကာရှိ အမေရိကန်သံရုံးမှတစ်ဆင့် ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။

မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးသည်လည်း ကန်နိုင်ငံညဏ်ကြီးရှင်အဖွဲ့မှ နူးယော့ခ်၌ကျင်းပသည့်ပွဲတစ်ခု၌ ဝါရှင်တန်နှင့်မော်လ်ဒိုက်ကြား ယခုလောက်ခိုင်မာသောဆက်ဆံရေး ယခင်ကတစ်ခါမှမရှိခဲ့ကြောင်းပြောကြားခဲ့သည်။

“ဒီနှစ်ကုန်ပိုင်းနဲ့လာမဲ့နှစ်ဆန်းပိုင်းတစ်ချိန်ချိန်မှာ ပထမဆုံးကန်သံရုံးကို ကျွန်တော်တို့နိုင်ငံမှာ ဖွင့်လှစ်နိုင်ဖို့မျှော်မှန်းထားပါတယ်။ဝါရှင်တန်က ကျွန်တော်တို့သံရုံးကိုလည်း ဒီနှစ်ကုန်ပိုင်းမှာ ပြန်ဖွင့်နိုင်ဖို့ရည်မှန်းထားပါတယ်” ဟု မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

မော်လ်ဒိုက်သည် လွတ်လပ်ရေးရပြီးနောက် ၁၉၆၅ ခုနှစ်တွင် ဝါရှင်တန်၌သံရုံးဖွင့်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဘဏ္ဍာရေးအခြေအနေကြောင့်ပြန်ပိတ်ခဲ့ရသည်ဟု ၎င်းကပြောကြားခဲ့သည်။ယခင်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ်တွင် သံရုံးကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် အစိုးရပြောင်းပြီးနောက် ထပ်မံပိတ်ထားခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo က မော်လ်ဒိုက်နိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်ကလာရောက်စဉ်အတွင်း အမေရိကန်သံရုံးဖွင့်လှစ်မည့် အစီအစဉ်ကို ကြေညာခဲ့ပြီး အမေရိကသည် တရုတ်နိုင်ငံနှင့်အပြိုင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းနေသည့် အင်ဒို-ပစိဖိတ်ဒေသတွင် မော်လ်ဒိုက်နိုင်ငံသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်ဟုလည်း ပြောကြားခဲ့သည်။

ယင်းနောက်ဇူလိုင်လတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မော်လ်ဒိုက်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် နိုင်ငံခြားရေး ရုံး ဝန်ထမ်းဖြစ် တာဝန်အဆင့်ဆင့်တွင် ထမ်းဆောင်ခဲ့သူ Hugo Yue-Ho Yon အား ခန့်အပ်ရန်ရည်မှန်းထားကြောင်းကြေငြာခဲ့သည်။

 

Source -Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here