စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ၄၆၉၀ထိလျှော့ချသတ်မှတ်၊ ဈေးကွက်အတွင်း ဆီဆေးအနည်းငယ် ပြန်ကျလာ

0
256

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ၄၆၉၀ထိလျှော့ချသတ်မှတ်၊ ဈေးကွက်အတွင်း ဆီဆေးအနည်းငယ် ပြန်ကျလာ

စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကောမတီအနေဖြင့် စားအုန်းဆီ ရည်ညွှန်း လက်ကားဈေးနှုန်းကို ‌ လျှော့ချသတ်မှတ်ထားပြီး ဈေးကွက်အတွင်း၌လည်း ဈေးနှုန်းအနည်းငယ်ပြန်ကျလာကြောင်း သိရသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကောမတီအနေဖြင့် ပြည်တွင်းစားအုန်းဆီဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်များ ဖြစ်ပေါ်စေရေးအတွက် ထိန်းညှိသည့်အနေဖြင့် အပတ်စဉ်ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ပေးနေခြင်းဖြစ်သည်။

ယင်းသို့သတ်မှတ်ရာတွင်လည်း စားအုန်းဆီအဓိကတင်သွင်းသည့် အင်ဒိုးနီးရှားနှင့် မလေးရှားနိုင်ငံတို့၏ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ၊ ဘဏ်စရိတ်နှင့် အခွန်အခများကိုပါ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်း၌ရောင်းဝယ်ဖောက်ကားရမည့်အခြေခံရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ပေးနေခြင်းဖြစ် ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ (၁၉) ရက် သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကောမတီ၏ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျင် (၄၆၉၀) ကျပ်ဖြစ်ပြီး ဈေးကွက်အတွင်း ပေါက်ဈေးမှာ တစ်ပိဿာ (၈၅၀၀) ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။

” နည်းနည်း ကျတာပေါ့နော်။ အရင်က တစ်ပိဿာ (၁၀၀၀၀) ကျော်တယ် ။ အခု (၈၅၀၀) ဝန်းကျင်နဲ့ ရောင်းတယ်။ ၁၀၀/၂၀၀ ကွာတာတော့ ရှိနိုင်တယ်။ (၉၀၀၀) အောက်တော့ ရောက်နေပါပြီ” ဟု ရန်ကုန်မြို့အတွင်းရှိ စားအုန်ဆီလက်ကားရောင်းချသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ဈေးကွက်အတွင်း စားအုန်း ဆီဈေးနှုန်းမြင့်တက်ခဲ့ရာ တစ်ပိဿာလျင် ကျပ် (၁၀၀၀၀) ကျော်အထိ ဈေးမြင့်တက်ခဲ့ပြီး အခြေခံလူတန်းစားများအတွက် အကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည့်အခြေအနေဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စားသုံးဆီဈေး မြင့်တက်ခဲ့ရခြင်းမှာ ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းမြင့်တက်ခဲ့သည့် အပေါ်အခြေခံ၍ ဈေးနှုန်းဆွဲတင်မှုများ ကြောင့်လည်း ဖြစ်သည်။

အဆိုပါ နိုင်ငံခြားငွေကြေးဈေးနှုန်း မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်နေသည့် ပြည်တွင်းအခြေခံ စားသောက်ကုန်ဈေး နှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အစိုးရက ဝင်ရောက်ထိန်း‌ ကြောင်းသည့်အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းသူများကို ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here