မုံရွာတွင် ဈေးဝယ်ထွက်လာသည့် လင်မယား(၂) ဦး သေ နတ်ဖြင့် ပစ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာအ ပြင်းအထန်ရရှိ

0
246

မုံရွာတွင် ဈေးဝယ်ထွက်လာသည့် လင်မယား(၂) ဦး သေ နတ်ဖြင့် ပစ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာအ ပြင်းအထန်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မြို့ရွာမြို့တွင် ဈေးဝယ်ထွက်လာသည့် လင်မယား (၂) ဦးအား အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုး သားဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူမှာ ဒါဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၁၉)ရက် နံနက်ပိုင်းက မုံရွာမြို့ နန္ဒဝန်ဈေးအတွင်း ဈေးဝယ်ထွက်လာသည့် လင်မယား(၂) ဦးကို အမည်မသိ သေနတ်သမား(၂) ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့ခံ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

” လင်မယား နှစ်ယောက် ဈေးလာဝယ်တာ ၊ အနောက်က တေ့ပစ်သွားတာ ။ ယောက်ျား လုပ်သူက နေရာမှာတင် သေသွားတာ။ မိန်းမလုပ်သူလည်း စိုးရိမ်ရတယ် ၊ ဒဏ် ရာတော်တော် ပြင်းတယ်” ဟု အဆိုပါ မုံရွာ မြို့ခံက ပြော သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူများသည် မုံရွာမြို့ နန္ဒဝန်ရပ် ကွက်တွင် နေထိုင်သည့် ကိုကျော်ကျော်ဆိုသူနှင့် ဇနီးဖြစ်သူ မနှင်းအေးခိုင် ဆိုသူတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ် ခံရမှုကြောင့် ကိုကျော်ကျော်တွင် ဦး ခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင် သေ ဆုံးခဲ့ပြီး ဇနီးဖြစ်သူ မနှင်းအေးခိုင်မှ နောက်စေ့ ဖောက်ဝင်ဒဏ်ရာ၊ ကျောဘက်ဖောက်ဝင် ဒဏ်ရာတို့ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နန္နဝန်ဈေးနှင့် အနီးပတ် ဝန်းကျင်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ် ဆေး ရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှုကို မည်သ ည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်း ဒေ သခံများ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် ပြီးခဲ့သည့် လများအတွင်းကလည်း ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ် လုပ် ကြံမှုများကြောင့် အုပ်ချုပ်ရေးဝန်ထမ်းများအပါအဝင် အရပ်သားအချို့ သေဆုံး ဒဏ်ရာရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here