ရန်ကုန်မြို့တွင် မနက်ဖြန်နံနက်အထိ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလခန့်မှန်း

0
226

ရန်ကုန်မြို့တွင် မနက်ဖြန်နံနက်အထိ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလခန့်မှန်း

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေ၍ ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၀ ရက်(မနက်ဖြန်)နံနက်ပိုင်း၌ မိုးတစ်ကြိမ်၊နှစ်ကြိမ် သည်းထန်စွာရွာသွန်းမည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။

အလားတူ နေပြည်တော်နှင့်မန္တလေးတိုင်းတို့တွင် မနက်ဖြန်နံနက်အထိ နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ထို့ပြင် မနက်ဖြန်နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် မနက်ဖြန်နံနက်အထိ နေရာကျဲကျဲ၊ မကွေးတိုင်း၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းမည်ဟု မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။

မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့်ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

အလားတူ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိရှိနိုင်သည့် တစ်နာရီလျင် မိုင် ၃၀ မှ ၃၅ မိုင်အထိတိုက်ခတ်နိုင်သော မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးဇလကခန့်မှန်းအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here