Kpay အကောင့်များ ယာယီအသုံးပြုခွင့် တားမြစ်ခံရပါက ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း Kpay မှထုတ်ပြန်

0
385

Kpay အကောင့်များ ယာယီအသုံးပြုခွင့် တားမြစ်ခံရပါက ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း Kpay မှထုတ်ပြန်

Kpay အကောင့်များ ယာယီအသုံးပြုမှု တားမြစ်ခြင်းများလုပ်ဆောင်လျက်ရှိပြီး မှားယွင်းစွာ အသုံးပြုခွင့် တားမြစ်ခံရသည့် အကောင့်ပိုင်ရှင်များအနေဖြင့် ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း KBZpay မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်း၏ ညွှန်ကြားချက်အရ Kpay အကောင့်အ ချို့အား ယာယီ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီး Kpay အသုံး ပြုသူများအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့သည့်အ တွက် တောင်းပန်ကြောင်းလည်း Kpay က ဆိုသ ည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Kpay အပါအဝင် မိုဘိုင်း ငွေပေးခြေရေးအစီအစဉ်များ အသုံးပြုသည့် ပြည်သူများအနေဖြင့် မိမိတို့၏ အကောင့်များအား ကိုယ်ရေးကိုယ် တာ အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ပြီး အဆင့်မြှင့်တင်ရန် ဗဟိုဘဏ်က ညွှန်ကြားထားခြင်း ဖြစ်သည်။

အကယ်၍ အချက်အလက်ပြည့်စုံစွာ ရေးသွင်းပြီး အဆ င့် မြှင့်တင်ထားခြင်း မရှိသည့်အကောင့်များကို စစ်ဆေးတွေ့ရှိပါက အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားပြီးနောက် စက်တင်ဘာ (၂၀) ရက် ည နေပိုင်းမှ စတင်ကာ Kpay အသုံးပြုသူများ၏ အကောင့်များကို ပိတ်သိမ်း ပစ်ခဲ့သည့်အတွက် အသုံးပြုသူများက နစ်နာမှုရှိခဲ့သည်ဆိုကာ လူမှုကွန်ယက်စာ မျက်နှာများ ဝေဖန်မှုများ လုပ်လာကြခြင်း ဖြစ် သည်။

ယင်းသို့ ဝေဖန်မှုများ မြင့်တက်လာချိန်တွင် Kpay ဘက်မှ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်ပြီး ဗဟိုဘဏ်သို့  တင်ပြလိုသည့် သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် [email protected] သို့ e-mail ပေးပို့ကာ အကြောင်းကြားနိုင်ကြောင်း KBZpay က ထုတ်ပြန်ထား သည်။

မိုဘိုင်းငွေပေးချေမှု အစီအစဉ်အသုံးပြုသူများအား ယခုကဲ့သို လု ပ်ဆောင်ခိုင်းရခြင်းမှာ မသမာသူများ၏ ငွေကြေးလိမ် လည်မှုများ၊ တရားမဝင်ငွေလွှဲပြောင်းမှုများကြောင့် အ များပြည်သူ၏ ငွေကြေးများ မဆုံးရှုံးစေရန်၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများမှတဆင့် ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုများအား ငွေ ကြေးထောက်ပံ့မှုများကို ထိန်း‌‌ ကြောင်းရန်ဖြစ်ကြောင်းလည်း  ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here