အမေရိကန်တွင် ခိုင်မာသော ခေါင်းဆောင်မှု လိုအပ်နေကြောင်း ထရမ့်သတိပေး

0
143

အမေရိကန်တွင် ခိုင်မာသော ခေါင်းဆောင်မှု လိုအပ်နေကြောင်း ထရမ့်သတိပေး

အမေရိကန်နိုင်ငံသည် ရှုပ်ထွေးနေပြီး၊ ယင်းမှ လွတ်မြောက်ရန်အတွက် ခိုင်မာသော ခေါင်းဆောင်မှု လိုအပ်နေကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကသတိပေးပြောကြားလိုက်သည်။

Fox News သတင်းဌာနနှင့် တွေ့ဆုံရာတွင် ထရမ့်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး Going to Hell ဟူသည် စကားရပ်ကိုလည်း ထည့်သွင်းပြောကြားခဲ့သေးသည်။

“နိုင်ငံရေးတွေကို မေ့ထားလိုက်ပါ။ ရီပတ်ဘလစ်ကန်ဆိုတာတွေ ဒီမိုကရက်ဆိုတာတွေကို မေ့ထားလိုက်။ အစွန်းရောက်မှုကို ဘေးဖယ်ထားလိုက်ပါ။ ခေါင်းဆောင်ကောင်းတစ်ယောကို လိုချင်ပါတယ်။ တရုတ်သမ္မတ ရှီနဲ့ တန်းတူယှဉ်နိုင်မယ့်သူကို လိုချင်ပါတယ်”ဟု ထရမ့်က အလေးအနက်ပြောကြားသည်။

“ရီပတ်ဘလစ်ကန်ပဲဖြစ်ဖြစ်၊ ဒီမိုကရက်ပဲဖြစ်ဖြစ် တကယ်ထူးချွန်တဲ့ သူကို ကျွန်တော်လိုချင်ပါတယ်”ဟုလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

Ref: Trump warns US ‘is going to hell’ and needs strong leadership


LEAVE A REPLY

Please enter your comment!
Please enter your name here