စွမ်းအင်အကျပ်အတည်းကြောင့်ရှားပါးမှုများဖြစ်လာနိုင်ဟု ဥရောပရှိဟင်းသီးဟင်းရွက်စိုက်တောင်သူများသတိပေး

0
73

စွမ်းအင်အကျပ်အတည်းကြောင့်ရှားပါးမှုများဖြစ်လာနိုင်ဟု ဥရောပရှိဟင်းသီးဟင်းရွက်စိုက်တောင်သူများသတိပေး

ဘူဗီနေး(ပြင်သစ်)၊စက်တင်ဘာ ၂၂

စိုက်ပျိုးရေးသမားတစ်ဦးဖြစ်သူ အီမန်နျူဝယ်လ် လီဖီဗရေး သည် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ၎င်း၏ခြံမှသီးနှံတန်ချိန်နှစ်စဉ်ထောင်ပေါင်းများစွာ ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ်တွင်ရိတ်သိမ်းပြီးသော သစ်သီးဝလံများကို အေးခဲရန်လိုအပ်သည့်စွမ်းအင်ကုန်ကျစရိတ်ကြောင့် ယခုနှစ်တွင်၎င်း၏သီးနှံများကိုစွန့်လွှတ်ရမည့်အနေအထားဖြစ်နေသည်။

ဥရောပမြောက်ပိုင်းနှင့်အနောက်ဘက်တစ်ဝန်းတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများသည် ဥရောပ၏စွမ်းအင်အကျပ်အတည်းကြောင့် ဘဏ္ဍာရေးထိခိုက်မှုများဖြင့် ၎င်းတို့၏လုပ်ငန်းများကို ရပ်တန့်ရန်စဉ်းစားနေကြသဖြင့် စားနပ်ရိက္ခာထောက်ပံ့မှုအတွက် ပိုမို ခက်ခဲလျက်ရှိသည်။

လျှပ်စစ်ဓာတ်အားနှင့်ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ဆောင်းရာသီအတွင်း အပူပေးဖန်လုံအိမ်များ၌စိုက်ပျိုးရသည့် ခရမ်းချဉ်သီး၊ငရုတ်သီးနှင့်သခွားသီးကဲ့သို့သော သီးနှံများအပေါ်သက်ရောက်မှုရှိလာပြီး ပန်းသီး၊ကြက်သွန်နီနှင့် အင်ဒိုက်ဗ် များကဲ့သို့သော အအေးခန်း၌ထားရန်လိုအပ်သည့် သီးနှံများအတွက်အခက်အခဲဖြစ်စေသည်။

ယင်းကြောင့်ပင် စိုက်ပျိုးသူများကသီးနှံရှားပါးမှုများဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးထားခြင်းဖြစ်သည်။ထိုသို့ ထုတ်လုပ်မှုနှင့်ဈေးနှုန်းများ ခုန်တက်သွားခြင်းအတွက် ဖြစ်ပေါ်လာနိုင်သည့်ရိုက်ခတ်မှုတစ်ရပ်အနေဖြင့် စူပါမားကတ်များသည် မော်ရိုကို၊တူကီယေး၊တူနီးရှားနှင့်အီဂျစ်တို့ကဲ့သို့သော ပိုမိုပူနွေးသောနိုင်ငံများမှကုန်ပစ္စည်းများအား ပိုမိုဝယ်ယူခြင်းသို့ပြောင်းလဲသွားနိုင်မှုပင်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ကိုင်သူများသည် စွမ်းအင်ဈေးနှုန်းများ ခုန်တက်လာခြင်းကြောင့်သာမကဘဲ ဓာတ်မြေဩဇာ၊ထုပ်ပိုးမှုနှင့်သယ်ယူပို့ဆောင်ရေးစရိတ်စကများ မြင့်တက်လာသည့်အခြေနေကြောင့်လည်းအခက်ကြုံနေရကြောင်းဖော်ပြထားသည်။

Source –Reuters/rc


LEAVE A REPLY

Please enter your comment!
Please enter your name here