ရန်ကုန်တိုင်းရှိ မြို့နယ် ၄ ခုတွင် စက်တင်ဘာ ၂၄ ရက်(မနက်ဖြန်)၌ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်
ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ရန်ကင်း၊မရမ်းကုန်းနှင့်တောင်ဥက္ကလာပမြို့နယ်တို့တွင် စက်တင်ဘာ ၂၄ ရက်(မနက်ဖြန်)၌ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ကအ သိပေးခဲ့သည်။
230kV သာကေတဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ပြုပြင်ခြင်းအား New 4 Pole Tower များဖြင့် ပြောင်းလဲဓာတ်အားပေးနိုင်ရန် 66kV စိန်ပန်းမြိုင် (၁)နှင့်စိန်ပန်းမြိုင်(၂) ဓာတ်အားလိုင်းတို့အား စက်တင်ဘာ ၂၄ ရက်(မနက်ဖြန်)နံနက် ၉ နာရီမှညနေ ၅ နာရီအထိ လျှပ်စစ်ဓာတ်အားယာယီပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်နေချိန်အတွင်း၌ အဆိုပါ မြို့နယ် ၄ ခုရှိ အချို့နေရာများ၌ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကာ အရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။
အလားတူ ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်မြို့နယ်ရှိ 66/11kV 30MVA ဓာတ်အားခွဲရုံအား ဓာတ် အားပေးရန် RIR ဓာတ်အားခွဲရုံအတွင်းရှိ 66kV ဘုရင့်နောင်-RIR(1)ဖီဒါ၏ Existing Main Bus နှင့်အ သစ်တည်ဆောက်ထားသည့် 66kV HGIS Switch Bayအား Tube Bus ဖြင့်ဆက်သွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် 66kV ဘုရင့်နောင်- RIR(1)ဖီဒါအား စက်တင်ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီမှည နေ ၄ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ အောက်တိုဘာ ၁၅ ရက်တွင်လည်း မွန်းတည် ၁၂ နာရီမှညနေ ၄ နာရီအထိ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်သည်ဟု YESC မှအသိပေးထုတ်ပြန်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ချိန်၌ လျှပ်စစ်ဓာတ်အားယာယီပိတ်၍ ဆောင်ရွက်ရမည်ဖြစ်၍ လှိုင်၊မရမ်းကုန်း၊ရန်ကင်းနှင့်ဗဟန်းမြို့နယ်တို့ရှိ နေရာအချို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုရှိမည်ဟု YESC ကအသိပေးခဲ့သည်။
ထိုသို့ အချို့နေရာများ၌ လျှပ်စစ်ဓာတ်အားယာ ယီပြတ်တောက်မည်ဖြစ်သော်လည်း အရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။