ပုဂ္ဂလိကကို ဗဟိုပြုသည့် MSMEလုပ်ငန်းများကို ​ထောက်ပံ့ကူညီမည်ဟု နစက ဥက္ကဋ္ဌပြော

0
207

ပုဂ္ဂလိကကို ဗဟိုပြုသည့် MSMEလုပ်ငန်းများကို ​ထောက်ပံ့ကူညီမည်ဟု နစက ဥက္ကဋ္ဌပြော

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အ ဓိက မောင်းနှင်အားဖြစ်သည့်အတွက် အလေးထားဆော င်ရွက်ကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က စက်တင်ဘာ (၂၃) ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သ ည့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကို ပြည်တွင်း စီးပွား ရေး အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ ရှိပြီးသား အခြေခံများကို ခိုင်ခိုင်မာမာဖြင့် အကောင်းဆုံး ဖြစ်ရန် ကြိုးစားဆောင်ရွက်ကြရန်လည်း ၎င်းကတိုက်တွန်းခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် လုပ်ငန်းများကြောင့် ဆုံးရှုံးမှုများ မရှိစေရန်အတွက်လည်း အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

” မည်သည့်နိုင်ငံမှာ မဆို စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရက ပါဝင်ဆောင်ရွက်ရမှုတွေရှိပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံမှာလည်း နိုင်ငံအ ခြေအနေအရ လိုအပ်တဲ့ကဏ္ဍတွေမှာ အစိုးရအနေနဲ့ ပါဝင်ဆောင်ရွက် နေရဦးမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဆိုသည်။

ထို့အပြင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်များကို လုပ် ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုန့်ပြန်နိုင်ပြီး အဆိုပါ လုပ်ငန်းများကို ထောက်ပံ့အားပေးခြင်းသည် ပုဂ္ဂလိကကို ဗဟိုပြုသည့် လုပ်ငန်းများကို အားပေးခြင်း ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here