Wednesday, January 15, 2025

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU...

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု...
HomeNewsLocal Newsပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ...

ပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ နာနတ်သီးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံ‌ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

ပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ နာနတ်သီးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံ‌ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာအနီးရှိ ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် စက်တင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် မိုးကုတ်ဘက်မှပြင်ဦးလွင်ဘက်သို့ ကိုထွန်းနိုင်ဦး(ခ)ထွန်းနိုင် မောင်းကာ ကိုလှမြင့် လိုက်လာသည့် Canter ၆ ဘီး ကားအား သတင်းအရ တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ(၄၄ ကီလို) အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့နောက် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအားစစ်ဆေးရာ ဘိန်းဖြူများသယ်ဆောင်ရာ တွင်ပူးပေါင်းပါဝင်သည့် မခင်အေးဝိုင်း(ခ)ခင်ဝိုင်းအား မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူများအား ရှမ်းပြည်(မြောက်ပိုင်း) မှမန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်သည်ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု ဆိူ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။ ထိုသို့...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဖ-မ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။ ယွန်ကို ဖ-မ်းဆီးထိန်းသိမ်းမှုသည် လက်ရှိသမ္မတအဖြစ်တာဝန်ယူနေသူတစ်ဦးအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဖ-မ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် ယနေ့နံနက်ပိုင်းတွင် ယွန်၏ တရားဝင်နေအိမ်သို့ဝင်ရောက်ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရာတွင် ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ ယွန်အား ဖ-မ်းဆီးရန် ထုတ်ထားသည့် ဖ-မ်းဝရမ်းကို ပြသခဲ့ရသည်။ ယခုအခါမူ...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် မြန်မာဘောလုံးအဖွဲ့ချုပ် လက်တွဲမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ကြောင်းထုတ်ပြန်သည်။ ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola သည် မြန်မာ့ လက်ရွေးစင် အမျိုးသား အမျိုးသမီး အသင်းများ၊ ဖူဆယ် အမျိုးသား အမျိုးသမီး အသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင် အသင်းများ၊ အကယ်ဒမီများ အတွက် အားကစား ဝတ်စုံနှင့်အသုံးအဆောင် စပွန်ဆာအဖြစ် ၄ နှစ်တာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။ ထုတ်ပြန်မှုအရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071