Wednesday, January 15, 2025

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola...

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU...

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု...
HomeNewsLocal Newsမြန်မာ - ရုရှား...

မြန်မာ – ရုရှား နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်

မြန်မာ – ရုရှား နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်

မြန်မာ- ရုရှား နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ထံမှ သတင်းရရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံဖယ်ဒရယ် ငါးလုပ်ငန်းအေဂျင်စီ၏ အကြီးအကဲ Mr. Ilya Shestakov ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့ St. Petersburg Exhibition and Convention Center ၌ ကျင်းပလျက်ရှိသည့် (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်း ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ရုရှားနိုင်ငံ Federal Fishery Agency of Russia အဖွဲ့အကြီးအကဲ Mr.Ilya Shestakov တို့က မြန်မာ- ရုရှားနှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများ အပါအဝင် ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းနှင့် ရေလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သဘောတူစာချုပ်တွင် နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့် ဆက်စပ်သော ပင်လယ်ပြင် ငါးသယံဇာတတည်ရှိမှု အကဲဖြတ်ဆန်းစစ်ခြင်း၊ ငါးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ်ပြင် ရေသယံဇာတ စီမံခန့်ခွဲမှု၊ တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေး၊ ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းဆိုင်ရာ သုတေသန အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊ ငါးဖမ်းဆီးခြင်း လုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသော ငါးလုပ်ငန်းဆိုင်ရာ ကဏ္ဍများ၌ အပြန်အလှန်စိတ်ဝင်စားသော နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု ဆိူ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်း ပြသနိုင်သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်နိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို မြန်မာနိုင်ငံအနှံ့အပြား မြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှ လည်းကောင်း၊ ရေပေါ် ရေအောက်တွင်လည်းကောင်း ရှေးဟောင်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့် နေရာများ၌ သုတေသနပြုလေ့လာခြင်းများမှ တွေ့ရှိရခြင်း၊ထွန်ယက်စိုက်ပျိုးခြင်း၊ ကျင်းတူးခြင်း၊ စသည့်လုပ်ငန်းများ ဆောင်ရွက်စဉ် မတော်တဆ တွေ့ရလေ့ရှိတတ်သည်ဟုဆိုသည်။ ထိုသို့...

စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတအား ယနေ့ ဖ-မ်းဆီး

ယမန်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ခဏတာ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ မေးမြန်းရန်ရှိသဖြင့် လာရောက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့မှပေးပို့သည့် ဆင့်ခေါ်စာ သုံးစောင်ကို လျစ်လျူရှုခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ယနေ့ ဗုဒ္ဓဟူးနေ့တွင် ဖ-မ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့မှ ပြောကြားလိုက်သည်။ ယွန်ကို ဖ-မ်းဆီးထိန်းသိမ်းမှုသည် လက်ရှိသမ္မတအဖြစ်တာဝန်ယူနေသူတစ်ဦးအား တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဖ-မ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများသည် ယနေ့နံနက်ပိုင်းတွင် ယွန်၏ တရားဝင်နေအိမ်သို့ဝင်ရောက်ခဲ့ပြီး သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရာတွင် ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ ယွန်အား ဖ-မ်းဆီးရန် ထုတ်ထားသည့် ဖ-မ်းဝရမ်းကို ပြသခဲ့ရသည်။ ယခုအခါမူ...

ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် မြန်မာဘောလုံးအဖွဲ့ချုပ် လက်တွဲမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဝတ်စုံစပွန်ဆာ အဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ကြောင်းထုတ်ပြန်သည်။ ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola သည် မြန်မာ့ လက်ရွေးစင် အမျိုးသား အမျိုးသမီး အသင်းများ၊ ဖူဆယ် အမျိုးသား အမျိုးသမီး အသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင် အသင်းများ၊ အကယ်ဒမီများ အတွက် အားကစား ဝတ်စုံနှင့်အသုံးအဆောင် စပွန်ဆာအဖြစ် ၄ နှစ်တာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။ ထုတ်ပြန်မှုအရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071