ရေလွှမ်းမိုးခံရသည့် ပါကစ္စတန်အနေဖြင့် ကြွေးမြီပြန်ဆပ်ခြင်းကိုဆိုင်းငံ့ထားသင့်သည်ဟုကုလဆို

0
85

ရေလွှမ်းမိုးခံရသည့် ပါကစ္စတန်အနေဖြင့် ကြွေးမြီပြန်ဆပ်ခြင်းကိုဆိုင်းငံ့ထားသင့်သည်ဟုကုလဆို 

ပါကစ္စတန်သည် နိုင်ငံ၏ဘဏ္ဍာရေးအကျပ်အတည်းကြားထဲမှပင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုများကြောင့် မြီရှင်များထံ နိုင်ငံတကာကြွေးမြီများပြန်ဆပ်ခြင်းနှင့် ချေးငွေ ဆပ်မှုပုံစံအား ပြန်လည်ပြင်ဆင်ခြင်းတို့ကို ဆိုင်းငံ့ထားသင့်သည်ဟု Financial Times က ကုလသမဂ္ဂမူဝါဒကိုကိုးကား၍ သောကြာနေ့ကဖော်ပြခဲ့သည်။

ပါကစ္စတန်အစိုးရကို ယခုသီတင်းပတ်အတွင်း‌ေပးမည့် ကုလဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် မူဝါဒချမှတ်သူများက ချေးငွေပြန်ဆပ်ခြင်းထက် ၎င်း၏ ဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် ဘဏ္ဍာငွေကိုဦးစားပေး ဆောင်ရွက်နိုင်စေရန် နိုင်ငံ၏မြီရှင်များအနေဖြင့် ကြွေးမြီသက်သာခွင့်ကို ထည့်သွင်းစဉ်းစားပေးသင့်သည်ဟု ဖော်ပြထားသည်။

ပါကစ္စတန်သည် အစောပိုင်းတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာဘီလီယံ ၃၀ ခန့်ရှိမည်ဟုခန့်မှန်းထားပြီး အစိုးရနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့က ရေလွှမ်းမိုးမှုအတွက်ရာသီဥတုဖောက်ပြန်မှုအား အပြစ်တင်ခဲ့ကြသည်။

ပါကစ္စတန်က ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သော အခြေခံအဆောက်အဦများတွင် ရင်းနှီးမြုပ်နှံရန်သဘောတူပါက မြီရှင်များအနေဖြင့် ပြန်ဆပ်ရမည့်ငွေကို လက်လွှတ်လိုက်သင့်ကြောင်းအချက်များပါဝင်သည့်ကြွေးဆပ်မှု ပုံစံကို ပြန်လည်ဖွဲ့ပြင်ဆင်ခြင်းကိုလည်း ထပ်မံအဆိုပြုထားသည်ဟု FT ကပြောကြားခဲ့သည်။

ရေလွှမ်းမိုးမှုများကြောင့် ပါကစ္စတန်နိုင်ငံသား ၃၃ သန်းထိခိုက်ခဲ့ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ပျက်စီးခဲ့ကာ လူပေါင်း ၁၅၀၀ ကျော်သေဆုံးခဲ့ရသဖြင့် ပါကစ္စတန်အ‌နေဖြင့် အကြွေးများပြည့်မီနိုင်မည်မဟုတ်ဟူသော စိုးရိမ်မှုများလည်းဖြစ်ပေါ်နေသည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here