ဂျာမနီနိုင်ငံသည် ဆော်ဒီအာရေဗျနှင့်စွမ်းအင်ဆိုင်ရာ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းနေ
ဂျက်ဒက်ရှ်၊စက်တင်ဘာ ၂၄
ဂျာမန်ဝန်ကြီးချုပ်အိုလက်ဖ်ရှောဖ်သည် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမဒ်ဘင်ဆယ်လ်မင်နှင့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြားစွမ်းအင်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေလိုကြောင်း စက်တင်ဘာ ၂၄ ရက်ကပြောကြားခဲ့သည်။
ယခုပူးပေါင်းဆောင်ရွက်မှုသည် ရုပ်ကြွင်းလောင်စာများသာမက ဟိုက်ဒရိုဂျင်နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအထိ လုပ်ဆောင်သင့်သည်ဟု သတင်းထောက်များအား ရှောဖ်ကပြောကြားခဲ့သည်။
မကြာခင်အချိန်ကအထိ ရုရှားဓာတ်ငွေ့အပေါ် အကြီးအကျယ်မှီခိုနေရသည့် ဂျာမနီသည် ဖေဖော်ဝါရီလကစတင်ခဲ့သော ရုရှား – ယူကရိန်းအရေးကြောင့် ရုရှားကထံမှဓာတ်ငွေ့ရရှိနိုင်မှုကို လျှော့ချ၍ အခြားနည်းလမ်းမျိုးစုံဖြင့် လောင်စာရနိုင်ရန်ကြိုးစားလျက်ရှိသည်။
ဆော်ဒီသို့နှစ်ရက်ကြာခရီးစဉ်၌ ရှောဖ် ကမင်းသားနှင့်တွေ့ဆုံဆွေးနွေးရာတွင် လူ့အခွင့်အရေးနှင့်နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုပါပြောကြားခဲ့သည်ဟုဖော်ပြထားသည်။ယခုနှစ်အတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်တို့လည်း ဆော်ဒီသို့သွားရောက်ကာမင်းသားနှင့်လည်းတွေ့ဆုံခဲ့သေးသည်။
Source -Reuters