အမေရိကန်လေယာဥ်တင် သင်္ဘောစစ်ရေးလေ့ကျင့်ရန်ရောက်ရှိလာ၍ မြောက်ကိုရီးယားကခြိမ်းခြောက်

0
158

အမေရိကန်လေယာဥ်တင် သင်္ဘောစစ်ရေးလေ့ကျင့်ရန်ရောက်ရှိလာ၍ မြောက်ကိုရီးယားကခြိမ်းခြောက်

ဆိုးလ်၊စက်တင်ဘာ ၂၆

လေးနှစ်တာကာလအတွင်း တောင်ကိုရီးယားသို့အမေရိက၏ နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘော ပထမဆုံးလာရောက်မှုကိုတုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများပြုလုပ်လာနိုင်ကြောင်း သတင်းများကဖော်ပြထားသည်။

တနင်္ဂနွေနေ့ကပစ်လွှတ်လိုက်သော ဒုံးကျည်သည် ၂၀၁၉ ခုနှစ်ကတည်းက ပြုံယမ်းက ထပ်ခါတလဲလဲစမ်းသပ်ခဲ့သည့် တာတိုပစ်ဒုံးကျည်ပစ်လွှတ်မှုမျိုးဖြစ်နိုင်ကြောင်း သံသယရှိခဲ့သည်ဟုဖော်ပြထားသည်။အဆိုပါပစ်လွှတ်မှုသည် ခန့်မှန်းခြေကီလိုမီတာ ၈၀၀ အကွာအဝေးဖြင့်ဂျပန်နှင့်တောင်ကိုရီးယားရှိ အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထားနိုင်ကြောင်းသိရှိရသည်။

တောင်ကိုရီးယားသမ္မတယွန်းဆော့ယော် မေလကရာထူးတက်လာပြီးချိန်ကတည်းက အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပြန်လည်စတင်ခဲ့သည့်မြောက်ကိုရီးယားအပေါ် အမေရိကနှင့်တောင်ကိုရီးယားတို့က အရှိန်မြှင့်ဖိအားပေးလျက်ရှိသည်။နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင် သင်းဘောသည် တနင်္လာနေ့ကစတင်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ သောကြာနေ့ကဆိပ်ကမ်းမြို့ဘူဆန်သို့ရောက်ရှိခဲ့သည်။

ဇွန်လကတည်းက မြောက်ကိုရီးယား၏ ပထမဆုံးပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကိုတုံ့ပြန်သည့်အနေဖြင့် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို တောင်ကိုရီးယားကခေါ်ယူခဲ့ပြီး အမေရိကနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှတစ်ဆင့် ကာကွယ်ရေးစွမ်းရည်များအားကောင်းလာစေရန် ကြိုးပမ်းမှုများကိုထပ်မံအတည်ပြုခဲ့သည်။

ရေငုပ်သင်္ဘောမှပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရန် မြောက်ကိုရီးယားက အရိပ်အယောင်ပြပြင်ဆင်နေကြောင်းတွေ့ရှိခဲ့ရသဖြင့် တောင်ကိုရီးယားအစိုးရကစနေနေ့ကသတိပေးခဲ့သည်။တနင်္ဂနွေနေ့ကဒုံးကျည်ကို မြေပြင်မှပစ်လွှတ်ခဲ့သည်ဟု ယူဆရသဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်သည်နှင့် နောက်ဆက်တွဲပစ်လွှတ်မှုများအတွက်လည်း ဆိုးလ်ကသတိပေးချက်တိုးမြှင့်ထားမည်ဖြစ်သည်။

မြောက်ကိုရီးယား၏ဥပဒေမဲ့အစုလိုက်အပြုံလိုက် ဖျက်ဆီးပစ်သည့်လက်နက်များနှင့်ပဲ့ထိန်းဒုံးကျည်အစီအစဉ်များ၏ မတည်မငြိမ်ဖြစ်မှုများကိုကိုးကား၍ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန် အင်ဒို – ပစိဖိတ်ဒေသစစ်ဌာနချုပ်ကဝေဖန်ခဲ့သည်။

ဝါရှင်တန်သည် ဆိုးလ်နှင့်တုံ့ပြန်မှုများကို ညှိနှိုင်းဆောင်ရွက်ရန်ခြေလှမ်းများလုပ်ဆောင်ခဲ့သည်။အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ်သည် အင်္ဂါနေ့၌ တိုကျိုတွင်ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ဈာပနကို တက်ရောက်ပြီးနောက်တောင်ကိုရီးယားသို့သွားရောက်မည်ဖြစ်သည်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့ လုံခြုံရေးဆိုင်ရာဆက်ဆံရေးအားကောင်းလာသောအခါ ပြုံယမ်းသည်၎င်း၏ထိပ်တိုက်ရင်ဆိုင်ရေး ရပ်တည်ချက်ကိုမြှင့်တင်ခဲ့သည်။မြောက်ကိုရီးယားသည် ယခုလအတွင်း ပထမဆုံးတိုက်ခိုက်မှုပြီးနောက် နျူလက်နက်တရားဝင်အသုံးပြုခွင့်ပေးသည့် ဥပဒေတစ်ရပ်ကိုအတည်ပြုခဲ့သည်။

Source -Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here