မဟာအောင်မြေမြို့နယ်ရှိ KBZ ဘဏ်ခွဲအမှတ် (၁၉)တွင် လက်လုပ်ဗုံးပေါက်ကွဲပြီး ဘဏ်၏မီး စက်လောင်ကျွမ်းသွားခဲ့

0
203

မဟာအောင်မြေမြို့နယ်ရှိ KBZ ဘဏ်ခွဲအမှတ် (၁၉)တွင် လက်လုပ်ဗုံးပေါက်ကွဲပြီး ဘဏ်၏မီး စက်လောင်ကျွမ်းသွားခဲ့

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊သိပ္ပံလမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ KBZ ဘဏ်ခွဲအမှတ်(၁၉)တွင် စက် တင်ဘာ ၂၆ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခွဲကျော်ခန့်က မဟာမြိုင်(၁) ရပ်ကွက်ရှိ KBZ ဘဏ်ခွဲအမှတ်(၁၉)တွင် ပေါက် ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်နေကြောင်း သ တင်းအရ လုံခြုံရေးအဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေး၍ ငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ဘဏ်အနောက်ဘက်ရှိ အထိုင်မီးစက်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးငြိမ်းသတ်ပြီးနောက် အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးရာ သံဘောစေ့များနှင့် PVC ပိုက်အပိုင်းအစများအား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်ပြီးတော့ စစ်ဆေးတဲ့အခါမှာ အထိုင်မီးစက်လောင်သွားတယ် နောက်ပြီး ဘဏ်အနောက်ဖက်က မှန်ပြတင်းပေါက်၂ ချပ်လည်း ကွဲ ကြေသွားတယ် CCTV မှတ်တမ်းအရဆိုရင် ဗုံးအရင်ပေါက်ပြီးတော့မှ မီးလောင်တာ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ‌ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ၊ CCTV မှတ်တမ်းနှင့်တိုက် ဆိုင်စစ်ဆေးမှုများအား ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here