တရုတ် – အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းဖွံ့ဖြိုးရေးကို အထောက်အကူပြု–ကမ္ဘောဒီးယား

0
133

တရုတ် – အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းဖွံ့ဖြိုးရေးကို အထောက်အကူပြု–ကမ္ဘောဒီးယား

တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကိုအထောက်အကူဖြစ်စေသည်ဟု ကမ္ဘောဒီးယားတာဝန်ရှိသူများနှင့်ကျွမ်းကျင်သူများကပြောသည်။တရုတ်နှင့်အာဆီယံတို့သည် ၂၀၂၀ ပြည့်နှစ်တွင်အချင်းချင်းကြား အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်လာခဲ့သည်။

တရုတ်နှင့်အာဆီယံကုန်သွယ်မှုသည် ယခုနှစ်ပထမခုနစ်လအတွင်း ကန်ဒေါ်လာ ၅၄၄ ဒသမ ၉ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၃ ဒသမ ၁ ရာခိုင်နှုန်းတိုးမြင့်လာကာ ရင်းနှီးမြှုပ်နှံမှုမှာဒေါ်လာ ၃၄၀ ဘီလီယံကျော်ရှိကြောင်း အစိုးရအစီရင်ခံစာတစ်ရပ်အရသိရှိရသည်။

ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန်နှင့်ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က တရုတ် – အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ် – အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် (CAFTA) ကြောင့် အလွန်နီးစပ်လာကြောင်းအင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် အာဆီယံ၏ အလွန်ရင်းနှီးသောမိတ်ဖက်နိုင်ငံဖြစ်ပြီး ကြီးမားသောဈေးကွက်တစ်ခုလည်းဖြစ်သည်။

CAFTA သည် ပေါင်းစပ်လူဦးရေ ၂ ဘီလီယံကျော်အတွက် ကြီးမားသောဈေးကွက်ကိုဖန်တီးခဲ့ပြီး နှစ်ဘက်အကြားအခွန်အကောက်အတားအဆီးကို ဖယ်ရှားလိုက်သည်ဟုလည်း Sovicheat ကပြောကြားခဲ့သည်။ “လူတိုင်းဟာ တရုတ်ဈေးကွက်ကနေ ခိုင်မာတဲ့ဝယ်လိုအားနဲ့အမြတ်ရဖို့ ရပ်တည်နေကြပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိစက်ရုံများသို့ ကုန်ကြမ်းများအဓိကပံ့ပေး သွင်း လျက်ရှိပြီး တရုတ်နိုင်ငံမှကုန်ကြမ်းမရှိပါက စက်ရုံများသည်၎င်းတို့၏ ထုတ်လုပ်မှုတွင်အခက်အခဲများကြုံတွေ့ရမည်ဟု အဆိုပါတာဝန်ရှိသူကမီးမောင်းထိုးပြခဲ့သည်။

“ကိုဗစ်ကာလအတွင်း အာဆီယံကိုတရုတ်နိုင်ငံ၏ အပြန်အလှန်ပံ့ပိုးကူညီမှု၊အပြန်အလှန်လေးစားမှု၊နှစ်ဦးနှစ်ဖက်အကျိုးရှိမှုရလဒ်၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် ဖြေလျှော့မှုမြှင့်တင်ရေးအစီအစဉ်များအပါအဝင် တရုတ် – အာဆီယံပိုမိုနီးကပ်သောစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေသော CAFTA နှင့် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် လန်ချန်း – မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကဲ့သို့သောအစီအစဉ်များစွာလည်းရှိခဲ့သည်။

တရုတ် – အာဆီယံဆက်ဆံရေးသည် ဒေသတွင်းစီးပွားရေး၊လူမှုရေး၊နည်းပညာနှင့်အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ကျဉ်းပေးခဲ့သည်ဟုလည်း ဖနွမ်းပင်ရှိ BELTEI အပြည်ပြည်ဆိုင်ရာတက္ကသိုလ်မှ အကြီးတန်းပါမောက္ခမစ္စတာ မက်သရူးကပြောကြားခဲ့သည်။တရုတ်နှင့်အာဆီယံနှစ်ဘက်စလုံးသည် တူညီသောဖွံ့ဖြိုးတိုးတက်မှု၊ပူးပေါင်းဆောင်ရွက်မှု၊အပြန်အလှန်လေးစားမှု၊နိုင်ငံစုံဝါဒ၊ပွင့်လင်းမြင်သာမှု၊အားလုံးပါဝင်သော ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့၏ ဘုံတန်ဖိုးတို့ကိုမြှင့်တင်ဆောင်ရွက်ခဲ့ကြောင်းလည်း ပါမောက္ခကပြောကြားခဲ့သည်။

“တရုတ် – အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်စလုံးအတွက်ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သောဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို ဒေသတွင်းသာမက ကမ္ဘာအတွက်ပါဆောင်ကြဉ်းပေးသည်” ဟုလည်း၎င်းကဆိုသည်။

အာဆီယံအဖွဲ့များတွင် ဘရူနိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊မလေးရှား၊မြန်မာ၊ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။

Source -Xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here