Wednesday, February 26, 2025

ရုရှားသည်မိတ်ဆွေစစ်ဖြစ်–ရှီကျင့်ဖျင်

ပေကျင်း၊ဖေဖော်ဝါရီ ၂၄ တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီး ရုရှားသည် တရုတ်အတွက်မိတ်‌ေဆွစစ် ဖြစ်သည်ဟု‌ေပြာ‌ေကြားလိုက်သည်။ဆက်လက်၍ တရုတ်သမ္မတရှီက ပေကျင်းနှင့်မော်စကိုတို့အကြားရှိ ရင်းနှီးသည့်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်ရန်ကတိပြုခဲ့ပြီး ၎င်းတို့သည် တစ်ဦးကိုတစ်ဦးပံ့ပိုးကူညီပေးနေသည့်...

မနက်ဖြန် ညနေတွင် နီပေါ-မြန်မာ နောက်ဆုံးဗိုလ်လုပွဲ...

(၄)နိုင်ငံ အမျိုးသမီး ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အား ဖေဖော်ဝါရီ(၂၆)ရက် ၊ ည‌နေ (၆)နာရီ (၄၅) မိနစ်အချိန်တွင် အိမ်ရှင်နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ အိမ်ရှင်...

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ယနေ့မှ ဖေဖော်ဝါရီ ၂၇...

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(နီကိုးဘားကျွန်းစုအနီး)တွင်ဖြစ်ပေါ်နေသော လေဖိ အားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းခဲ့သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၂၅...

မော်လမြိုင်-ရန်ကုန် အမြန်ရထားခရီးစဉ်ကြိုတင်လက်မှတ်များ ပိတ်ရက်မရှိ ရောင်းချပေးနေ

မော်လမြိုင် - ရန်ကုန် (၈၂)အစုန် အမြန်ရထားခရီးစဉ်အတွက်ကြိုတင်လက်မှတ်များကို နေ့စဉ် နံနက် (၇) နာရီမှနေ့လယ် (၃)နာရီအထိ ရက်ကြိုစနစ်ဖြင့် ပိတ်ရက်မရှိ ရောင်းချပေးနေကြောင်း...
HomeNewsLocal Newsဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်းချမ်းရေးလမ်း...

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်းချမ်းရေးလမ်း ကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်းချမ်းရေးလမ်း ကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့မှ ကိုယ်စားလှယ်များသည် စက်တင် ဘာ ၂၆ ရက်(ယနေ့)တွင် နေပြည်တော်၌တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နစက ဥက္ကဋ္ဌ ကစစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ငြိမ်း ချမ်းရေးဆွေးနွေးမှုများအား အောင်မြင်မှုရရှိစေရေးကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယခု ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးမှုများတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များကို ဆွေး နွေးပြောကြားခဲ့သည်။

ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီးဖြစ်နိုင်သည်များနှင့်ဖြစ်သင့်ဖြစ်ထိုက် သည်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည် ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်ကြရန်၊ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက် လက်ဖော်ဆောင်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

UWSP ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင် နှင့်အဖွဲ့ဝင်များက နိုင်ငံတော်မှခွဲမထွက်ဘဲ ဒို့တာဝန်အရေးသုံးပါးအား စွဲမြဲစွာထိန်းသိမ်းလိုက် နာလျက်ရှိကာ သဘောထားကွဲလွဲမှုများကို လက် နက်ဖြင့် ဖြေရှင်းခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းဆောင်ရွက်ရန်လိုလားသည်ဟု ပြောကြားခဲ့ကြသည်။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အ မြင်များကိုဆွေးနွေး၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

နစက ဥက္ကဋ္ဌ ကလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမှသာ ဒေသ၊လူမျိုးမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စုအကျိုး၊တိုင်းရင်းသားတို့ ၏ အကျိုးကိုရှေးရှု၍ စိတ်ရှည်စွာဖြင့် ညီညီညွတ်ညွတ် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်း ချမ်းရေးဆိုင်ရာများ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားသည်မိတ်ဆွေစစ်ဖြစ်–ရှီကျင့်ဖျင်

ပေကျင်း၊ဖေဖော်ဝါရီ ၂၄ တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီး ရုရှားသည် တရုတ်အတွက်မိတ်‌ေဆွစစ် ဖြစ်သည်ဟု‌ေပြာ‌ေကြားလိုက်သည်။ဆက်လက်၍ တရုတ်သမ္မတရှီက ပေကျင်းနှင့်မော်စကိုတို့အကြားရှိ ရင်းနှီးသည့်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်ရန်ကတိပြုခဲ့ပြီး ၎င်းတို့သည် တစ်ဦးကိုတစ်ဦးပံ့ပိုးကူညီပေးနေသည့် မိတ်ဆွေစစ်နိုင်ငံများဖြစ်ကြောင်းပြောကြားခဲ့သည်။ ပေကျင်းနှင့်မော်စကိုခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် ရုရှား-ယူကရိန်းအရေးသုံးနှစ်ပြည့်ချိန်၌ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယူကရိန်း - ရုရှားအရေး‌စတင်ချိန်မှစ၍ ပေကျင်းနှင့်ရုရှားအကြား ကုန်သွယ်ရေးဆက်ဆံမှုလည်းပိုမိုတိုးတက်လာခဲ့သည်။ ရုရှားနှင့်တရုတ်တို့သည် သမ္မတရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ကြားရှိ ခိုင်မာသည့်ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးအရ နှစ်နိုင်ငံဆက်ဆံရေးလည်းခိုင်ခိုင်မာမာဖြင့်ရပ်တည်နိုင်ခဲ့ကြသည်မှာ ယူကရိန်းစစ်ပွဲကာလအထိပင်ဖြစ်သည်။ တရုတ်သမ္မတကမူ ရုရှားနိုင်ငံကို ၎င်း၏အကောင်းဆုံးမိတ်ဆွေဟုခေါ်ဆိုခဲ့ပြီး သမ္မတပူတင်ကမူ ရှီကို ၎င်း၏ယုံကြည်စိတ်ချရသောမိတ်ဖက်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။ Source : ဟင်ဒူစတန်တိုင်းမ်စ်

မနက်ဖြန် ညနေတွင် နီပေါ-မြန်မာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်မည်

(၄)နိုင်ငံ အမျိုးသမီး ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အား ဖေဖော်ဝါရီ(၂၆)ရက် ၊ ည‌နေ (၆)နာရီ (၄၅) မိနစ်အချိန်တွင် အိမ်ရှင်နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ အိမ်ရှင် နီပေါအသင်း နှင့် မြန်မာအသင်းတို့သည် အုပ်စုတွင်းယှဉ်ပြိုင်အပြီး ရမှတ်(၆)မှတ်စီဖြင့် ဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံကြရခြင်းဖြစ်သည်။ ယနေ့တွင် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရို က "ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို ဒီပြိုင်ပွဲကို ဖိတ်ခေါ်ပေးတဲ့ အိမ်ရှင်နီပေါနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဖိုင်နယ်ပွဲမှာ အိမ်ရှင်နီပေါအသင်းနဲ့ ထပ်မံကစားခွင့်ရတဲ့အပေါ်မှာလည်း အရမ်းကို ကျေနပ်မိပါတယ်။ ဖိုင်နယ်ပွဲမှာ ကျွန်တော်တို့...

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ယနေ့မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၂)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(နီကိုးဘားကျွန်းစုအနီး)တွင်ဖြစ်ပေါ်နေသော လေဖိ အားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းခဲ့သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်၊ ပင်လယ်အတွင်းမှလာသော အပူပျံတက်တိမ်တိုက်များ ပိုမိုဖြစ်ထွန်းမှု၊ အရှေ့ဘက်မှလာသော လေပွေလှိုင်းများတို့ကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071