ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်းချမ်းရေးလမ်း ကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

0
207

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်းချမ်းရေးလမ်း ကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့မှ ကိုယ်စားလှယ်များသည် စက်တင် ဘာ ၂၆ ရက်(ယနေ့)တွင် နေပြည်တော်၌တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နစက ဥက္ကဋ္ဌ ကစစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ငြိမ်း ချမ်းရေးဆွေးနွေးမှုများအား အောင်မြင်မှုရရှိစေရေးကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယခု ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးမှုများတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များကို ဆွေး နွေးပြောကြားခဲ့သည်။

ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီးဖြစ်နိုင်သည်များနှင့်ဖြစ်သင့်ဖြစ်ထိုက် သည်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည် ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်ကြရန်၊ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အားအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက် လက်ဖော်ဆောင်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

UWSP ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင် နှင့်အဖွဲ့ဝင်များက နိုင်ငံတော်မှခွဲမထွက်ဘဲ ဒို့တာဝန်အရေးသုံးပါးအား စွဲမြဲစွာထိန်းသိမ်းလိုက် နာလျက်ရှိကာ သဘောထားကွဲလွဲမှုများကို လက် နက်ဖြင့် ဖြေရှင်းခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းဆောင်ရွက်ရန်လိုလားသည်ဟု ပြောကြားခဲ့ကြသည်။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အ မြင်များကိုဆွေးနွေး၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

နစက ဥက္ကဋ္ဌ ကလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမှသာ ဒေသ၊လူမျိုးမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စုအကျိုး၊တိုင်းရင်းသားတို့ ၏ အကျိုးကိုရှေးရှု၍ စိတ်ရှည်စွာဖြင့် ညီညီညွတ်ညွတ် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်း ချမ်းရေးဆိုင်ရာများ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here