ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်ကာလကို ၁၀ နှစ် လျာထား

0
190

ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်ကာလကို ၁၀ နှစ် လျာထား

ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်ကာလကို (၁၀) နှစ် လျာထားကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ သိရသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင် ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအခမ်းအနားကို  စက်တင်ဘာလ ၂၅ ရက်နေ့လယ် (၂) နာရီအချိန်ခန့်တွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသန ပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအနားတွင်ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အခမ်းအနားသို့ ပုဂံညောင်ဦးဒေသရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်အရှင်သူ မြတ်များ၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်း ရေး တရုတ်ပညာရှင်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီ (ဒေသခံ) ကော်မတီဝင်များ၊ ပုဂံညောင်ဦးဒေသ ပရဟိတအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ လှုပ်ခတ်ခဲ့သည့် မြေငလျင် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်း ရန်အတွက်   သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေး စာချွန်လွှာကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် (၂၂-၉-၂၀၁၈) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်နေ့မှသာ သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းရေး စီမံကိန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး ပြုပြင်ထိန်းသိမ်းရန်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများအဆင်ပြေစေရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက  ပြောသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက  သဗ္ဗညုဘုရားကြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် လျာထားကာလမှာ ၁၀ နှစ် ဖြစ်ကြောင်းနှင့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာချွန်လွှာအရ မြန်မာနိုင်ငံမှ ဆောင်ရွက် ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

တရုတ်ပညာရှင်အဖွဲ့မှလည်း သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here