၂၀၃၀ တွင် ဟိုက်ဒရိုဂျင်ထွက်နှုန်းမြှင့်တင်ပြီး ကာ ဗွန်ထုတ်လွှတ်မှုလျှော့ချရန် နိုင်ငံပေါင်း ၂၀ ကျော်သဘောတူညီခဲ့

0
301

၂၀၃၀ တွင် ဟိုက်ဒရိုဂျင်ထွက်နှုန်းမြှင့်တင်ပြီး ကာ ဗွန်ထုတ်လွှတ်မှုလျှော့ချရန် နိုင်ငံပေါင်း ၂၀ ကျော်သဘောတူညီခဲ့

တိုကျို၊စက်တင်ဘာ ၂၆

ဂျပန်နိုင်ငံဦးဆောင်သော နိုင်ငံပေါင်းနှစ်ဆယ်ကျော်သည် ယခုလက်ရှိအချိန် တွင် ကာဗွန် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ဟိုက်ဒရိုဂျင်တန်ချိန် ၁ သန်းရှိပမာဏကိုအသုံးပြုနေရာမှ ၂၀၃၀ ပြည့်နှစ်တွင်အနည်းဆုံးတန်ချိန် တစ်နှစ်လျှင်သန်း ၉၀ အထိတိုးမြှင့်အသုံးပြုရန်သဘောတူညီကြောင်း ဂျပန်စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။

အမေရိက၊ဩစတြေးလျ နှင့် ဂျာမနီတို့ပါဝင်သော ယခုသဘောတူညီချက်သည် တိုကျို၌ကျင်းပသည့် ဟိုက်ဒရိုဂျင်စွမ်းအင်ဝန်ကြီးများအဆင့်အစည်းအဝေးမှ ဖြစ်ပေါ်လာသောရလဒ်တစ်ခုဖြစ်သည်။

သယံဇာတရှားပါးသော ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားသည် မော်စကို၏ယူကရိန်းသို့ကျုးကျော်ဝင်ရောက်ပြီးနောက် စွမ်းအင် ဖူ လုံရေး  အန္တရာယ်နှင့်  အကြီးအကျယ် ရင်ဆိုင်နေရပြီး ကမ္ဘာ တစ်ဝန်း လောင်စာ ပေးသွင်းမှုကျပ်တည်းလာချိန်တွင် ဓာတ်ငွေ့ ပေးသွင်း မှုပြတ်တောက်နိုင်သည့် အန္တရာယ်နှင့်လည်းရင်ဆိုင်နေရသည်။

“ကာဗွန် ထုတ်လွှတ်မှု နည်း‌ေသာပြန်လည်ပြည့်ဖြိုးမြဲဟိုက်ဒရိုဂျင်များအား ရေရှည်တည်တံ့သောထုတ်လုပ်မှုနှင့်အသုံးပြုမှုများဖြင့် မဟာဗျူဟာကျကျတိုးမြှင့်ခြင်းသည် စွမ်းအင် ဖူလုံရေး၊ရုန်းထ နိုင်မှုနှင့်ရာသီဥတုဆိုင်ရာရည်မှန်းချက်များကို သေချာစေရန်အတွက် သိသိသာသာအထောက်အကူပြုနိုင်မည်” ဟုတိုကျိုကပြောကြားခဲ့သော်လည်း ရေရှည်တည်တံ့သောဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို တိုးမြင့်လာစေရန်အတွက်တိကျသေချာသော အစီအမံများလုပ်ဆောင်ရန် နိုင်ငံများ နှင့်ဒေသများ၌ ပိုမိုလိုအပ်ကြောင်းသတိပြုရန်မှလွဲ၍ အထွက်နှုန်းပန်းတိုင်ကိုမည်သို့ရောက်ရှိနိုင်မည်ကိုမူ အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပေ။

ဟိုက်ဒရိုဂျင်အား အနာဂတ်ရွေးချယ်စရာအစိမ်းရောင်လောင်စာအဖြစ် ရှုမြင်ပြီးကမ္ဘာကြီးပူနွေးမှုအားဖြစ်ပေါ်စေသည့် ကျောက်မီးသွေး၊ဓာတ်ငွေ့နှင့်ရေနံတို့ကိုအားထားလုပ်ဆောင်နေရသည့် စက်မှုလုပ်ငန်းများအတွက်ပြေလည်စေနိုင်သည့်အဓိကသော့ချက်တစ်ခုဖြစ်လာသည်။

ထို့ပြင်၎င်းသည် ၂၀၅၀ ပြည့်နှစ်တွင် အသားတင်ဓာတ်ငွေ့ထုတ်လုပ်မှုကိုလုံးဝရပ်ဆိုင်းရန် မျှော်လင့်ထားသည့်ဂျပန်နိုင်ငံ၏ရည်မှန်းချက်အတွက် သော့ချက်တစ်ခုလည်းဖြစ်သည်။

၂၀၃၀ ပြည့် နှစ်တွင် အပြာရောင်ဟိုက်ဒရိုဂျင်တန်ချိန် ၉၀ သန်းထုတ်လုပ်ရန်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်သည်  အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ၏ ၂၀၅၀ ၌  ကာ ဗွန် ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝအသားတင်ပပျောက်သွားသောအခြေအနေဖြစ်ပေါ်လာစေရန်သတ်မှတ်ထားသည့် တန်ချိန်ပေါင်း ၉၅ သန်းအောက်နည်းသော ပမာဏတွင်သာရှိသေးကြောင်း IAEA ကပြောကြားခဲ့သည်။

“အကြီးစားစက်မှုလုပ်ငန်းနှင့် ခရီးဝေးသယ်ယူပို့ဆောင်ရေးတွင် ပိုမိုသန့်ရှင်းသောဟိုက်ဒရိုဂျင် အသုံးပြုမှုများကို တွန်းအားပေးရန်အတွက်ပိုမိုကြီးမားသောမူဝါဒပံ့ပိုးမှုလိုအပ်သည်” ဟု အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IAEA) ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဂျပန်နိုင်ငံသည် နှစ်စဉ်ဟိုက်ဒရိုဂျင် ပေး သွင်းမှုကိုတိုးမြှင့်ရန် ရည်မှန်းထားပြီး လက်ရှိတွင် ၂ သန်းမှ ၂၀၃၀ ခုနှစ်တွင် တန်ချိန် ၃ သန်းအထိတိုးမြှင့်ရန်လည်းရည်မှန်းထားသည်။

Source -Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here