၂၀၂၂ မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးဘော လုံးပြိုင်ပွဲအား အောက်တိုဘာ ၃ ရက်၌ စတင်ကျင်းပသွားမည်

0
244

၂၀၂၂ မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးဘော လုံးပြိုင်ပွဲအား အောက်တိုဘာ ၃ ရက်၌ စတင်ကျင်းပသွားမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊မြန်မာနေရှင်နယ်လိဂ်ကော်မတီမှကြီးမှူး၍ Myanmar Women’s League 2022 အမှတ်ပေးဘောလုံးပြိုင်ပွဲအား အောက်တိုဘာ ၃ ရက်မှစတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် ISPE FC , YREO FC , Thitsar Arman FC , မြဝတီအက်ဖ်စီ , Sports & Education FC , Young Lionesses FC နှင့်  Tanintharyi FC အသင်း ၇ သင်းကပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကျင်းပနိုင်ရန်နှင့်မြန်မာ့အမျိုးသ မီးဘောလုံးလောကအတွက် နည်းစနစ်ပိုင်းဆိုင် ရာများ ပိုမိုအထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ်ဒေါက်တာအောင်ကျော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ၂၀၂၂ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများမှ အမှုဆောင်အရာရှိချုပ်များ၊ အသင်းအထွေထွေမန်နေဂျာများ၊ နည်းစနစ်ဒါရိုက်တာများနှင့်အသင်းနည်းပြချုပ်များလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here