ကျိုက်ဝိုင်းဘုရားကားမှတ်တိုင်တွင် အိမ်ယာမဲ့တစ်ဦး သွေးအန်သေဆုံး

0
184

ကျိုက်ဝိုင်းဘုရားကားမှတ်တိုင်တွင် အိမ်ယာမဲ့တစ်ဦး သွေးအန်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းဘုရားကားမှတ်တိုင်တွင် အိမ်ယာမဲ့အမျိုးသားတစ်ဦး ယနေ့ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက သွေးအန်သေဆုံးသွားကြောင်း ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းမပေါ် ရှိ ကားမှတ်တိုင်တွင် ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ ၅ မိနစ်အချိန်ခန့်တွင် အမျိုးသားတစ်ဦး သွေးအန်၍ လဲကျနေကြောင်း လမ်းသွားလမ်းလာတစ်ဦးက “ရွှေရောင်သမိုင်း”အသင်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာသည့်အတွက် “ရွှေရောင်သမိုင်း” အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်း လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက ကူညီနိုင်ရန် အချိန်နှင့်တစ်ပြေးညီသွားရောက်ခဲ့သော်လည်း ဖြစ်စဉ်နေရာသို့ရောက်ရှိသည့်အခါ အဆိုပါအမျိုးသားမှာ သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားသည် အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး အသက် ၅၀ အရွယ်ခန့်ရှိကာ ပြင်ပဒဏ်ရာ တစ်စုံတရာ မရှိဘဲ သေဆုံးသွားသည်ကိုတွေ့ရသည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု “ရွှေရောင်သမိုင်း” အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်းထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here