မြောက်ကိုရီးယား၏ဒုံးကျည်စမ်းသပ်မှုအပြီး အမေရိကန်နှင့်တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

0
259

မြောက်ကိုရီးယား၏ဒုံးကျည်စမ်းသပ်မှုအပြီး အမေရိကန်နှင့်တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

ဆိုးလ်၊စက်တင်ဘာ ၂၆

ပြုံယမ်းက ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု ပြီးနောက်တစ်ရက်အကြာတွင် တောင်ကိုရီးယားနှင့်အမေရိကတို့သည် ကျွန်းဆွယ်အနီး၌ ငါးနှစ်တာကာလအတွင်း ၎င်းတို့၏ပထမဆုံးရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၆ ရက် တနင်္လာနေ့တွင်စတင်ခဲ့သည်။

ဝါရှင်တန်သည်ဆိုးလ်၏ အဓိကလုံခြုံရေးမဟာမိတ်ဖြစ်ပြီး မြောက်ကိုရီးယား၏ နျူလက်နက်ကိုကာကွယ်ရန်အတွက် ဝါရှင်တန်သည်တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့်ကိုစခန်းချထားသည်။

မေလကအာဏာရရှိခဲ့သော တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် မြောက်ကိုရီးယားနှင့်သံတမန်ရေးအရဆက်ဆံရန် နှစ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် အမေရိကနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်မည်ဟုကတိပြုခဲ့သည်။

“မြောက်ကိုရီးယားရဲ့ရန်စမှုတွေကို တုံ့ပြန်ဖို့တောင်ကိုရီးယားနဲ့ အမေရိကမဟာမိတ်တွေအချင်းချင်းကြားက ပြင်းပြတဲ့ဆန္ဒကိုပြသဖို့ ဒီလေ့ကျင့်မှုကိုပြုလုပ်ခဲ့တာပါ” ဟု တောင်ကိုရီးယားရေတပ်၏ ကြေငြာချက်တွင်ဖော်ပြထားသည်။

တောင်ကိုရီးယား၏အရှေ့ဘက်ကမ်းရိုးတန်းတွင် လေးရက်ကြာပြုလုပ်မည့်အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ရေယာဉ်အစီး ၂၀ ကျော်နှင့်လေယာဉ်အမျိုးအစားပေါင်းစုံလည်းပါဝင်မည်ဖြစ်သည်။လေ့ကျင့်မှုကာလအတွင်း သင်္ဘောနှင့် ရေငုပ်သင်္ဘောနှိမ်နင်းရေးစစ်ဆင်မှု၊နည်းဗျူဟာစစ်ဆင်‌‌ရေးလေ့ကျင့်မှုနှင့် အခြားရေကြောင်းစစ်ဆင်ရေးများလည်း ပြုလုပ်သွားမည်ဟု အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

“ဒီစစ်ရေးလေ့ကျင့်မှုကနေတစ်ဆင့် နှစ်နိုင်ငံရေတပ်တပ်ဖွဲ့ဝင်တွေအကြား ပူးတွဲစစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်သွားမှာပါ” ဟု တောင်ကိုရီးယားအကြီးတန်းရေတပ်အရာရှိ Kwak Kwang – sub က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

မဟာမိတ်ဝါရှင်တန်နှင့် ဆိုးလ်တို့သည် ကာလအတန်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို့ကမူခံစစ်သက်သက်သာဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သော်လည်း မြောက်ကိုရီးယားဘက်က ၎င်းတို့နိုင်ငံအားကျူးကျော်ရန် အစမ်းလေ့ကျင့်မှုအဖြစ်ရှုမြင်ခဲ့သည်။

ပြီးခဲ့သည့်လကလည်း အမေရိကနှင့်တောင်ကိုရီးယားတို့သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း ကိုဗစ် ကာလ အတွင်း နှင့်ပြုံယမ်းနှင့်ညှိနှိုင်းရန်ကြိုးပမ်းနေစဉ် ကာလအတွင်း ရပ်နားထားသည့် ၎င်းတို့၏အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့သည်။

Source – AFP/yb


LEAVE A REPLY

Please enter your comment!
Please enter your name here