မြန်မာသင်္ဘောသားများ၏ လစာငွေများအား (၁)ဒေါ်လာ (၃၀၀၀)ကျပ်နှုန်းဖြင့် CB Bank လဲ လှယ်ပေးမည်

0
270

မြန်မာသင်္ဘောသားများ၏ လစာငွေများအား (၁)ဒေါ်လာ (၃၀၀၀)ကျပ်နှုန်းဖြင့် CB Bank လဲ လှယ်ပေးမည်

မြန်မာပင်လယ်ကူးသင်္ဘောသားများရရှိသည့် လွှဲပို့လစာငွေများအား (၁)ဒေါ်လာလျင် (၃၀၀၀) ကျပ်နှုန်းဖြင့် လဲလှယ်ပေးသွားမည်ဟု CB Bank ကအသိပေးခဲ့သည်။

မြန်မာပင်လယ်ကူးသင်္ဘောသားများ၏ လစာငွေများအား CB Bank သို့လွှဲပို့လာပါက လဲလှယ်ထုတ်ပေးသွားမည်ဖြစ်သည်ဟု အသိပေးကြေ ညာခဲ့သည်။

ထို့ကြောင့် မြန်မာပင်လယ်ကူးသင်္ဘောသားများအနေဖြင့် CB Bank ရှိ မိမိတို့၏ သင်္ဘောသားလစာအကောင့်များသို့ လွှဲပြောင်းပေးပို့ခြင်းဖြင့် ကောင်းမွန်သည့် ငွေလဲလှယ်နှုန်းကို ရရှိခံစားနိုင်မည်ဟု CB Bank ကအသိပေးကြေညာခဲ့သည်။

KBZ Bank မှလည်း ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ လွှဲပို့ငွေများအား (၁)ဒေါ်လာလျင် (၃၀၀၀)ကျပ်နှုန်းဖြင့် လဲလှယ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကကြော်ငြာခဲ့သည်။

ထိုသို့ လွှဲပို့လစာငွေပေးပို့ရာတွင်လည်း ငွေလွှဲရည်ရွယ်ချက်တွင် လစာဟု ရွေးချယ်ကာ စာရင်းသွင်းထားပါက အသေးစိတ်အချက်အလက်ထဲ၌ SALARY (သို့)ကုဒ်နံပါတ် “5200” ဟုပေါ်နေမည် ဖြစ်ကာ ယင်းသို့ပေါ်မှသာ (၁)ဒေါ်လာ (၃၀၀၀) ကျပ်နှုန်းဖြင့်ရရှိမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here