ပြည်ကြီးတံခွန်မြို့နယ်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူအား စစ်ဆေးရာမှ စိတ်ကြွဆေးပြားများဖမ်းမိ

0
267

ပြည်ကြီးတံခွန်မြို့နယ်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူအား စစ်ဆေးရာမှ စိတ်ကြွဆေးပြားများဖမ်းမိ

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် စက်တင်ဘာ ၂၄ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှ သိရသည်

ယင်းနေ့ည ၆ နာရီကျော်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သတင်းအရ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသည့် လှိုင်မင်းထက်(ခ)အရှည်ကြီး(၂၅)နှစ် အားရှာဖွေစစ်ဆေးခဲ့ကြသည်။

ထို့ပြင် ၎င်းလာရောက်ထုတ်ယူသည့် စက္ကူဂျပ်ဖာအား ဖွင့်ဖောက်စစ်ဆေးရာ ငွေကျပ် ၇၀၃ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၅၁၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၃ သိန်း)အားဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် လှိုင်မင်းထက်(ခ)အရှည်ကြီးအား စစ် ဆေးရာ စိတ်ကြွဆေးပြားများအားသယ်ဆောင်ခိုင်းသူ မကြည်ဇာလွင်(၃၆)နှစ်အား အမရပူရမြို့နယ်၊ထုံးဘို-မြစ်ငယ်လမ်းခွဲ၌ ည ၇ နာရီတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here