ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ မြန်မာသံအမတ်နှင့် ဇနီး တက်ရောက်

0
224

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ မြန်မာသံအမတ်နှင့် ဇနီး တက်ရောက်

ယနေ့ စက်တင်ဘာလ (၂၇) ရက်တွင် ကျင်းပသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး၏ နိုင်ငံ တော် ဈာပနအခမ်းအနားသို့ မြန်မာနိုင်ငံ သံအမတ် ဦးစိုးဟန်နှင့် ဇနီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော် ဈာပန အခမ်းအနားကို ယနေ့ စက်တင်ဘာလ (၂၇) ရက်တွင် တိုကျိုမြို့ရှိ Nippon Budokan ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ ဦးဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အောက်လွှတ်တော်နှင့် အထက် လွှတ်တော် ဥက္ကဋ္ဌများ၊ တရားရုံးချုပ် တရားသူကြီး ချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ် တော် အမတ်များ၊ ပြည်ပနိုင်ငံပေါင်း (၂၀၀) ကျော်မှ အ စိုးရအဖွဲ့အကြီးအကဲများ၊အစိုးရအဖွဲ့ဝင်များ၊လွှတ်တော် ဥက္ကဋ္ဌများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ စုစုပေါင်း (၄၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

နိုင်ငံတော်ဈာပန အခမ်းအနားကျင်းပရေး ကော်မတီ ၊ ဒု တိယ ဥက္ကဋ္ဌ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဟီရိုကာဇူ မတ်ဆူနိုမှ ဈာပနအခမ်းအနား စတင်ကြောင်း ကြေညာခဲ့ပြီး ဂျပန်နိုင်ငံ၏ နိုင်ငံတော်သီချင်းကို တီးမှုတ် ပြီးနောက်  ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်  မစ္စတာရှင်ဇိုအာဘေး၏ တာဝန်ထမ်းဆောင်ခဲ့မှုပုံရိပ်နှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းကို ပြသခဲ့ပြီး 

နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥ က္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အော က်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီရိုယူကီဟိုဆိုဒါ၊ အထက် လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဟီဒေဟီဆာအော့ဆုဂျိ၊ တရား ရုံးချုပ် တရားသူကြီးချုပ် မစ္စတာ ဆာဘူရို တိုဂူရာ နှင့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ မိတ်ဆွေများကိုယ် စား ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒေးဆူဂမှ ဝန်ကြီး ချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် မိဘုရားတို့၏ ကို ယ်စားလှယ်များ၊ ဂျပန်ဧကရာဇ်ဟောင်း အာကီဟီတိုနှင့် မိဘုရားတို့၏ ကိုယ်စားလှယ်များမှ ဂါရဝပြုခဲ့ကြပြီးနော က်  တော်ဝင်မိသားစုအဖွဲ့ဝင်များ၊ ကွယ်လွန်သူ ဝန် ကြီးချုပ်ဟောင်း၏ မိသားစုဝင်များ၊ နိုင်ငံတော်ဈာပန အခမ်း အနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီး ချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ တရားရုံးချုပ် တရားသူကြီး ချုပ်၊ ဝန်ကြီးချုပ်ဟောင်း၏ မိတ်ဆွေများ၊ ပြည်ပနိုင်ငံများမှ တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ၊ လွှ တ်တော်ဥက္ကဋ္ဌများ၊ တိုကျိုမြို့အခြေစိုက် သံရုံးများမှ  သံ အမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများမှ ကိုယ်စား လှယ်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here