သူလျှိုဟုစွပ်စွဲခံထားရသည့် ဂျပန်သံတမန်အား ရုရှားကပြည်နှင်ဒဏ်ပေး

0
129

သူလျှိုဟုစွပ်စွဲခံထားရသည့် ဂျပန်သံတမန်အား ရုရှားကပြည်နှင်ဒဏ်ပေး

မော်စကို၊စက်တင်ဘာ ၂၇

သူလျှိုလုပ်မှုနှင့်ဆက်နွယ်သည့် လုပ်ငန်းများကိုလုပ်ဆောင်သည့်အတွက် ဗလာဒီဗိုစတော့ခ်မြို့အရှေ့ပိုင်း၌ အခြေစိုက်သည့် သံတမန်အဖြစ်လက်ခံနိုင်ဖွယ်မရှိသဖြင့် အဆိုပါဂျပန်သံတမန်ကို စက်တင်ဘာ ၂၆ ရက် တနင်္လာနေ့ကဖမ်းဆီးခဲ့သည်ဟု ရုရှားသတင်းဌာနများကပြောကြားခဲ့သည်။

အာရှ – ပစိဖိတ်ဒေသရှိအခြားနိုင်ငံနှင့် ရုရှား၏ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့၏ကန့်သတ်ထားသောစာရွက်စာတမ်းများအား ငွေကြေးဖြင့်လက်ခံရယူစဉ် ဂျပန်သံတမန်တစ်ဦးအား လက်ပူးလက်ကြပ်ဖြင့်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု FSB လုံခြုံရေးဝန်ဆောင်မှု၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ရုရှားသတင်းဌာနများကဖော်ပြခဲ့သည်။

အဆိုပါသံတမန်သည် ရုရှားနိုင်ငံအရှေ့ဘက်ရှိ Primorsky ဒေသအပေါ် အနောက်နိုင်ငံများ၏ဒဏ်ခတ်ပိတ်ဆို့မှုများမှ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်းတောင်းခံခဲ့သည်ဟု FSB မှပြောကြားထားသည်ကို သတင်းဌာနများကဖော်ပြထားသည်။

ထို့ကြောင့်သံတမန်အား ၄၈ နာရီအတွင်း နိုင်ငံတွင်းမှထွက်ခွာရန်အမိန့်ထုတ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ FSB က တိုကျိုအားသံတမန်လမ်းကြောင်းများမှတစ်ဆင့် ကန့်ကွက်ခဲ့ပြီး ဗလာဒီဗိုစတော့ခ်မြို့ရှိ ကောင်စစ်ဝန်ချုပ်အဖြစ် လျာထားသော သံတမန် “မိုတိုကီလ် တတ်ဆူနိုရီ” အား သံတမန်အဖြစ်လက်ခံရန်ငြင်းဆိုခဲ့သည်ဟု သတင်းအေဂျင်စီများကဖော်ပြခဲ့သည်။

FSB ကသံတမန်သည် ရုရှားဥပဒေအားချိုးဖောက်ခဲ့သည်ကို ဝန်ခံသည့် ဗီဒီယိုအတိုတစ်ခုကိုလည်း ဖြန့်ဝေပြသခဲ့သည်။ရုရှားသည်ဂျပန်အား ရန်လိုသောနိုင်ငံတစ်နိုင်ငံအဖြစ်မှတ်ယူထားပြီး ဥရောပသမဂ္ဂနိုင်ငံများ၊အမေရိက၊ဗြိတိန်နှင့်ဩစတြေးလျစသည့် ကန်နိုင်ငံ၏မဟာမိတ်နိုင်ငံများနှင့်အတူတူသတ်မှတ်ထားခြင်းဖြစ်သည်။

ရုရှား၏အထူးစစ်ရေးစစ်ဆင်မှုအမည်ပေးထားသော ယူကရိန်းသို့ကျူးကျော်မှုကို ဖေဖော်ဝါရီလ ၂၄ ရက်က ခရင်မလင်ကပြုလုပ်ခဲ့ပြီးနောက်ပိုင်း မော်စကိုနှင့်တိုကျိုတို့သည် ပိတ်ဆို့အရေးယူမှုများနှင့်သက်ဆိုင်ရာသံတမန်များအား တာဝန်ရပ်နားပြန်လွှတ်ခြင်းတို့ကို အပြန်အလှန်ပြုလုပ်ခဲ့ကြသည်။

တိုကျိုနှင့်ရုရှားတို့သည် ယူကရိန်းသို့ကျူးကျော်မှုမတိုင်မီကတည်းကပင် ရှုပ်ထွေးသောဆက်ဆံရေးရှိခဲ့ပြီး နှစ်ဖက်စလုံးသည် ဒုတိယကမ္ဘာစစ်အပြီး ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။

ရုရှားထိန်းချုပ်ထားသည့် Kurils ကျွန်းစုများအ‌‌ ပေါ်ကာလရှည်ကြာအငြင်းပွားနေသည့် ကိစ္စများနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးရန်ကြိုးပမ်းမှုများမှာ အဟန့်အတားဖြစ်နေရကြောင်းဖော်ပြထားသည်။

Source-AFP/ec


LEAVE A REPLY

Please enter your comment!
Please enter your name here