နောင်ချိုတွင် ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
206

နောင်ချိုတွင် ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊လားရှိုး-မန္တလေးသွားကားလမ်း၏ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စက်တင်ဘာ ၂၄ ရက်နေ့လည်ပိုင်းက ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လားရှိုး-မန္တလေးသွားကားလမ်း၏ အိုရီယမ်တယ်တိုးဂိတ်အနီး၌ ဖြတ်သန်းသွားလာနေသည့် ကားများအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးစဥ် လားရှိုးဘက်မှနောင်ချိုဘက်သို့ မင်းနိုင် မောင်းလာသည့် Nissan UD ၁၂ ဘီးကုန်တင်ကားအား တားဆီးစစ်ဆေးရာ ကားပေါ်မှ ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား   ၅ သိန်းပြားနှင့်စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင်အသုံးပြုသည့် အနံ့ဆေးရည် ၅၉ ဒသမ ၇ လီတာ၊ အရောင်မှုန့် ၁၃၂ ဒသမ ၂ ကီလို တို့အားဖမ်းစီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ စိတ်ကြွ ဆေးပြားများနှင့်ဆက်စပ်ပစ္စည်းများသယ် ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ရဲမင်းနိုင် အားနောင်ချိုမြို့နယ်၊ကျောက်ကြမ်းကျေးရွာအ နီးရှိ လားရှိုး−မန္တလေးသွားကားလမ်းဘေးတွင် နေ့လည် ၃ နာရီခွဲ၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စိတ်ကြွဆေးပြားများနှင့်ဆက်စပ်ပစ္စည်းများအား ရှမ်းပြည်(မြောက်ပိုင်း)မှမန္တလေးတိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာ၌ပဒေအရ အရေးယူကာ ဆက်စက်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here