နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်UWSP၊ NDAA၊ SSPP အဖွဲ့တို့ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ဆွေးနွေး

0
203

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်UWSP၊ NDAA၊ SSPP အဖွဲ့တို့ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ဆွေးနွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ၊ NDAA ၊ SSPP အဖွဲ့တို့မှ ကိုယ်စားလှယ်များ စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းက နေပြည် တော်၌တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာ၌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒု-ဥက္ကဋ္ဌဦးလော့ယာကုတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။ 

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အလေးအနက်ထား၍ စုပေါင်းရေးဆွဲခဲ့ကြရာ တွင် အမျိုးသားညီလာခံကျင်းပပြီး အသိပညာ ရှင်၊အတတ်ပညာရှင်၊နိုင်ငံရေးသမားများ၊တိုင်း ရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်တက်ရောက်နိုင်ခဲ့မှုအား ဆွေးနွေးခဲ့ကြသည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပါ ဇယား ၁ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်း(သို့)ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု- ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ဆွေးနွေးခဲ့သည်။

ထို့နောက် ပထမအကြိမ်တွေ့ဆုံဆွေးနွေးချိန်က သဘောတူညီချက်ပါအတိုင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)နှင့်အမျိုးသားဒီမိုက ရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့၏ နိုင်ငံရေးလိုလားချက်များနှင့်ပတ်သက်၍ လုပ်ဆောင်နိုင်သည့် နည်းလမ်းများအား နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့အတူ တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများ၊လိုလားချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ဒု-ဗိုလ် ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းတို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊အထွေထွေအတွင်းရေးမှူးဦးကြည်မြင့်၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်၊အတွင်းရေးမှူး(၂)စဝ်စိုင်းဆုတို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့သည် စက်တင်ဘာ ၂၈ ရက်(ယနေ့)တွင် နစက ၏ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here