အပြုသဘောဆောင်သော အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေးအတွက် အမေရိကန်တွန်းအားပေး
နူးဒေလီ၊စက်တင်ဘာ ၂၇
အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် စိတ်ချယုံကြည်ရသော ဆက်ဆံရေးကိုဖော်ဆောင်ရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က စက်တင်ဘာ ၂၆ ရက် နှောင်းပိုင်းကပြောကြားခဲ့သည်။
ပါကစ္စတန်ရေတပ်အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များရရှိရန် ကန် ဒေါ်လာသန်း ၄၅၀ ခန့် ထောက်ပံ့ရေး အစီအစဉ်ကို အိန္ဒိယကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများက ကန့်ကွက်ခဲ့ပြီးနောက် ဘလင်ကန်၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒီကနေ့ ကျွန်တော်တို့ရဲ့ဆွေးနွေးမှုမှာ အိန္ဒိယနဲ့အတူ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို စီမံခန့်ခွဲခြင်းရဲ့အရေးပါပုံကို ဆွေးနွေးခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto-Zardari နှင့် တွေ့ဆုံအပြီးတွင် ဘလင်ကန်ကပြောကြားခဲ့သည်။
F-16 သဘောတူညီချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ထ်ပရိုက်စ်က အမေရိကန်သည် အိန္ဒိယ၊ပါကစ္စတန်နှစ်ဖက်စလုံးနှင့် သီးခြားလွတ်လပ်သော ဆက်ဆံရေးရှိသည်ဟု ပြောကြားခဲ့သည်။
“အိန္ဒိယနဲ့ကျွန်တော်တို့ ဆက်ဆံရေးက သူ့ဟာသူရပ်တည်နေပြီး ပါကစ္စတန်နဲ့ ဆက်ဆံရေးကလည်း သူ့ဟာသူရပ်တည်နေတာပါပဲ” ဟု ပရိုက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အိမ်နီးနားချင်းတွေ အတတ်နိုင်ဆုံးအနေအထားအထိ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိဖို့ ကျွန်တော်တို့လည်း တတ်နိုင်သမျှလုပ်ပေးချင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
နျူလက်နက်ကိုင်ဆောင်ထားသော အိန္ဒိယနှင့် ပါကစ္စတန်တို့သည် မွတ်စလင်အများစုနေထိုင်ရာ ဟိမဝန္တာရှိ ကက်ရ်ှမီးယားဒေသနှင့်ပတ်သက်၍ စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့သည်။
အိန္ဒိယသည် ၂၀၁၉ ခုနှစ်က ၎င်း၏ F – 16 တိုက်လေယာဉ်အား ပါကစ္စတန်ကပစ်ချခဲ့သဖြင့် ပါကစ္စတန်လေယာဉ်ကိုလည်း ပြန်လည်ပစ်ချခဲ့သည်ဟု ဆိုခဲ့သည်။သို့သော် ပါကစ္စတန်ကမူ ၎င်း၏လေယာဉ်သည် တစ်ခါမှအပစ်ချမခံရဖူးကြောင်း ပြောကြားခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ဗြိတိသျှလက်ေအာက် အိန္ဒိယ မှခွဲထွက်၍ ဖွဲ့စည်းထားသော နိုင်ငံနှစ်ခုအကြား လူအချင်းချင်း ပေါင်းသင်းထိတွေ့ဆက်ဆံမှုသည် ၂၀၁၉ ခုနှစ်ကတိုက်ပွဲများအပြီးတွင် မရှိသလောက်နီးပါးဖြစ်ခဲ့ရသည်။
Source -Reuters/yb