ရန်ကုန်နှင့်မန္တလေးတို့တွင် မနက်ဖြန် ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီရောင်းချမည်

0
224

ရန်ကုန်နှင့်မန္တလေးတို့တွင် မနက်ဖြန် ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီရောင်းချမည်

ရန်ကုန်တိုင်း၊ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နှင့် မန္တလေးတိုင်း၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် စက်တင်ဘာ ၂၉ ရက်(မနက်ဖြန်)နေ့လည် ၁ နာရီမှ ၃ နာရီအထိ ရွှေစင်တုံးနှင့်ရွှေစင်ခဲ (၃)ပိဿာစီအား သတ်မှတ်ထားသည့် တင်ဒါပုံစံဖြည့်စွက်၍ ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမည်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊နေပြည်တော်(ရုံးချုပ်)၊ မြန်မာ့ကျောက် မျက်ရတနာပြတိုက်(ရန်ကုန်)နှင့်မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံးတို့တွင် အသေးစိတ်စုံစမ်းနိုင်ကာ ရွှေဒင်္ဂါးပြားများရောင်းချခြင်းအား ယခင်အတိုင်းဆက်လက်ရောင်းချသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here