မိတ္ထီလာစက်မှုဇုန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း နစက ဥက္ကဋ္ဌ ပြော

0
152

မိတ္ထီလာစက်မှုဇုန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း နစက ဥက္ကဋ္ဌ ပြော

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက် (ယနေ့)နေ့လည်ပိုင်းတွင် မိတ္ထီလာစက်မှုဇုန်သို့သွားရောက်၍ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာတွင် သပြေဝ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရှိကာ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်း အင်အသုံးပြုခြင်းဖြစ်၍ အကျိုးဖြစ်ထွန်းသည်ဟုဆိုသည်။

“မိတ္ထီလာစက်မှုဇုန်အတွက်လိုအပ်တဲ့ လျှပ်စစ် ဓာတ်အားတွေရရှိဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်စေလိုပါတယ်။ နိုင်ငံတော်ကလည်း လျှပ်စစ်ဓာတ်အားတွေလုံလောက်အောင်ရရှိဖို့ ဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စက်မှုဇုန်အတွင်းလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် မိမိတို့နေရာအလိုက် ရေမြောင်းများ စနစ်တကျရှိစေရန် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုသည်ဟု ပြောသည်။

“စက်မှုလုပ်ငန်းက ထွက်ရှိလာတဲ့ ပစ္စည်းတွေအားလုံးက မိမိတို့အတွက်အကျိုးရှိတဲ့ စက်မှုထွက် ကုန်တွေဖြစ်အောင်ဆောင်ရွက်ကြပါ”ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။ 

ထို့ပြင် မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးခြင်းဖြစ်၍ ပုဂ္ဂလိကစီးပွားရေးလုပ် ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရန်လိုကာ နိုင်ငံတော်မှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်ချက်များအရသာ အချို့စီးပွားရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်သည်ဟု ပြောသည်။

“ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်ကချေးငွေတွေကို သက်သာတဲ့ အတိုးနှုန်းတွေနဲ့ ထုတ်ချေးပေးနေပါတယ် အ သေးစားနဲ့အလတ်စားစက်မှုလုပ်ငန်း (MSME)တွေဟာ နိုင်ငံအတွက်အရေးကြီးတဲ့ လုပ် ငန်းတွေဖြစ်လို့ လိုအပ်တဲ့ငွေကြေးတွေကို နိုင်ငံ တော်က ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ မိတ္ထီလာခရိုင်သည် မွေးမြူရေးလုပ် ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည့်ဒေသဖြစ်၍ မွေးမြူရေးလုပ်ငန်းများအား ဖြစ်ထွန်းအောင်ဆောင်ရွက်ခြင်းဖြင့် အ​သေးစားနှင့်အလတ်စားစက်မှုလုပ်ငန်း(MSME)များအတွက်လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ရရှိမည်ဖြစ်ပြီး မွေးမြူရေးအားအခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်သည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here