နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ၊ NDAA ၊ SSPP အဖွဲ့တို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လျာထားသတ်မှတ်ထားသည့် ၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များကိုဆွေးနွေး

0
136

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ၊ NDAA ၊ SSPP အဖွဲ့တို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လျာထားသတ်မှတ်ထားသည့် ၂၀၂၀ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များကိုဆွေးနွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့တို့ စက်တင် ဘာ ၂၈ ရက်နံနက်ပိုင်းက ဒုတိယနေ့အဖြစ်ဆွေး နွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးအရနှစ်ဖက်သဘော ထားများ ညှိနှိုင်းဆွေးနွေးနိုင်ရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လျာထားသတ်မှတ်ထားသည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များ၊အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၂)တို့အား ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်က တစ်ချက်ချင်းအလိုက် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အဖွဲ့အသီးသီး၏ သဘောထားများကိုရှင်းလင်းဆွေးနွေးပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်အား ပြင်ဆင်လိုသည့်အချက်

များနှင့်ပတ်သက်၍ နစက ၏ ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် SSPP အဖွဲ့တို့ဆက်လက် ဆွေးနွေးရာ တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ဒု-ဗိုလ်ချုပ်ကြီး အေးဝင်းတို့တက်ရောက်ခဲ့ကြသည်။

အလားတူ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊နိုင်ငံရေးဌာနကြီးမှူးဦးအိုက်နပ်လိုင်း၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)ဒု-ဥက္ကဋ္ဌဦးစန်ပေ့၊အ ထွေထွေအတွင်းရေးမှူးဦးကြည်မြင့်၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်၊အတွင်းရေးမှူး(၂)စဝ်စိုင်းဆုတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့သည် စက်တင်ဘာ ၂၉ ရက်(ယနေ့)တွင် နစက ၏ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here