အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့်ကန်နိုင်ငံခြားရေးဝန်ကြီးတို့ စီးပွားရေးနှင့်ပထဝီနိုင်ငံရေးခိုင်မာစေမည့်နည်းလမ်းများဆွေးနွေးခဲ့

0
93

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့်ကန်နိုင်ငံခြားရေးဝန်ကြီးတို့ စီးပွားရေးနှင့်ပထဝီနိုင်ငံရေးခိုင်မာစေမည့်နည်းလမ်းများဆွေးနွေးခဲ့

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာနှင့်သတင်းစာရှင်းလင်းပွဲတွင် ကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင်အကျိုးအရှိဆုံး မိတ်ဖက်ဆက်ဆံရေးရှိသည်ဟု ပြောကြားခဲ့သည်။

QUAD, G – 20 နှင့် ကုလသမဂ္ဂရှိအခြားသော ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာ၌နှစ်ဖက်စလုံးတွင် သိသာထင်ရှားသောတိုးတက်မှုများရရှိခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ယခုနှစ်ဒီဇင်ဘာလတွင် ကျင်းပမည့် G -20 ထိပ်သီးအစည်းအဝေး၏ ဥက္ကဌရာထူးအားအိန္ဒိယမှတာဝန်ယူခဲ့ခြင်းကလည်း ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ဆောင်ချက်ကိုပိုမိုတွန်းအားပေးရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်ဟုပြောကြားခဲ့သည်။

မစ္စတာဘလင်ကန်နှင့် ဂျေးရှန်ကာတို့သည် အင်္ဂါနေ့က၎င်းတို့နှစ်ဦးတွေ့ဆုံစဉ်၌ နှစ်နိုင်ငံစလုံးသည်၎င်းတို့၏ ဘုံ စီးပွားရေး၊ပထဝီဝင်နိုင်ငံရေးနှင့်လုံခြုံရေးပန်းတိုင်များကို မည်ကဲ့သို့ရောက်နိုင်မည်စသည်များအပါအဝင် အိန္ဒိယ – အမေရိကန် မိတ်ဖက်ဆက်ဆံရေးအားကောင်းလာစေရေးများကိုပါ ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ဘလင်ကန်သည် အိန္ဒိယအား ရာသီဥတုပြောင်းလဲမှု၊ကျန်းမာရေးနှင့်စားနပ်ရိက္ခာဖူလုံမှုအပါအဝင် လူများရင်ဆိုင်နေရသော နိုင်ငံရေးစိန်ခေါ်မှုတိုင်းကို ဖြေရှင်းရန်မရှိမဖြစ်လိုအပ်သည့် မဟာမိတ်အဖြစ်ရည်ညွှန်းခဲ့သည်။

ဆက်လက်၍မစ္စတာဘလင်ကန်က “ ပြီးခဲ့တဲ့နှစ်တွေအတွင်း QUAD, G – 20 နဲ့ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ကျွန်ုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရာမှာ အမှန်တကယ်တိုးတက်မှုရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့ကြောင်း PTI တင်ပြချက်အရသိရှိရသည်။

အမေရိကန် – အိန္ဒိယဆက်ဆံရေးနက်ရှိုင်းမှုသည် သိသာထင်ရှားစွာကြီးထွားလာကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာကပြောကြားခဲ့သည်။ထို့ပြင် မစ္စတာဘလင်ကန်နှင့် ဆွေးနွေးမှုတွင် ယူကရိန်းရှိမတည်ငြိမ်မှုများနှင့်အင်ဒို – ပစိဖိတ်ဒေသအခြေအနေဆိုင်ရာ ဆွေးနွေးမှုများလည်းပါဝင်သည်ဟု လေးလေးနက်နက်ဖော်ပြခဲ့သည်။

မစ္စတာဘလင်ကန်နှင့်မတွေ့ဆုံမီတစ်ရက်ကပင် မစ္စတာဂျေးရှန်ကာသည် ကန်နိုင်ငံကာကွယ်ရေးဝန်ကြီး လွိုက်ထ်အော်စတင်နှင့် ကန်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စဂျီနာရေမွန်ဒိုတို့နှင့်လည်းတွေ့ဆုံခဲ့သေးသည်။

အမေရိကန်နှင့်အိန္ဒိယတို့သည် မေလကစတင်မိတ်ဆက်ခဲ့သော အင်ဒို – ပစိဖိတ်ဒေသ စီးပွားရေးမူဘောင်မှတစ်ဆင့် ပိုမိုခိုင်မာသောစီးပွားရေးမိတ်ဖက်အဖြစ် ဖွံ့ဖြိုးတိုးတက်ရန်နည်းလမ်းသစ်များကိုရှာဖွေနေကြောင်းလည်း မစ္စတာဘလင်ကန်ကပြောကြားခဲ့သည်။

Source –WioNews


LEAVE A REPLY

Please enter your comment!
Please enter your name here