ကျိုက်လတ်တွင်ဖြစ်ပွားခဲ့သည့် ကားနှင့်ဆိုင်ကယ်တိုက်မိမှုတွင် ၂ ဦးသေဆုံးခဲ့

0
244

ကျိုက်လတ်တွင်ဖြစ်ပွားခဲ့သည့် ကားနှင့်ဆိုင်ကယ်တိုက်မိမှုတွင် ၂ ဦးသေဆုံးခဲ့

ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်၊ဒေါင့်ကြီးကျေးရွာအနီးရှိ ကျိုက်လတ်-ဖျာပုံသွားကားလမ်းတွင် စက်တင်ဘာ ၂၈ ရက်ညပိုင်းက ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၈ နာရီခွဲခန့်က ဒေါင့်ကြီးကျေးရွာအနီးရှိ ကျိုက်လတ်-ဖျာပုံသွားကားလမ်း၏ မိုင်တိုင်အမှတ်(၄၀)နှင့်(၄၁)ကြားတွင် KIA (အဖြူရောင်) ကားနှင့် FEELING 125 (အနက်ရောင်) ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ရေကြည်တော်လူမှုကူညီရေးအသင်း-ကျိုက်လတ်မြို့တို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့မှာ ထိ ခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။

“သေဆုံးသွားတဲ့ ၂ ယောက်က ဆိုင်ကယ်နောက်မှာထိုင်လိုက်လာတာ ၃ ယောက်မောင်းလာတာပါ ဆိုင်ကယ်မောင်းတဲ့လူကတော့ ထိခိုက်ပွန်းပဲ့ဒဏ် ရာတွေရသွားတယ်”ဟု ရေကြည်တော်လူမှုကူညီရေးအသင်း-ကျိုက်လတ်မြို့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူ ၂ ဦးတို့အား ရေကြည်တော်လူမှုကူညီရေးအသင်း-ကျိုက်လတ်မြို့က ကျိုက်လတ်မြို့ပြည်သူ့ဆေးရုံနှင့်ရင်ခွဲရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-MFSD နှင့် ရေကြည်တော်လူမှုကူညီရေးအသင်း-ကျိုက်လတ်မြို့

 


LEAVE A REPLY

Please enter your comment!
Please enter your name here