ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်လ် ထောင်သုံးနှစ်စီချမှတ်ခံရ

0
330

ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်လ် ထောင်သုံးနှစ်စီချမှတ်ခံရ

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်တို့ကို ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်သုံးနှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်တို့ကို ပုဒ်မ ၃ (၁) ဂ ဖြင့်ထောင်သုံးနှစ်စီချမှတ်လိုက်ခြင်းဖြစ်ပြီး ၄င်းတို့နှစ်ဦးနှင့်အတူ တရားစွဲဆိုခံထားရသည့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဦးကျော်ဝင်းနှင့် ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့သုံးဦးတို့သည်လည်း ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံခဲ့ရကြောင်းတရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့်တရားစွဲဆိုခံခဲ့ရပြီး ထိုအထဲမှ ၁၂ မှုအတွက် ထောင်ဒဏ် အနှစ် ၂၃ အထိချမှတ်ခံထားရကာ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှု ၅မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သတ်သည့် အဂတိအမှု ၂မှု၊ စုစုပေါင်း ၇ မှုကို ရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here