ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့မှစတင်ကျင်းပသွားမည်

0
363

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့မှစတင်ကျင်းပသွားမည်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ ၉ ရက်(သီတင်းကျွတ် လပြည့်နေ့)မှစတင်၍ ၇ လတိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ ၉ ရက်(သီတင်းကျွတ်လပြည့်နေ့)မှ စတင်၍ ၂၀၂၃ ခုနှစ်၊မေ ၃ ရက်(ကဆုန်လပြည့်နေ့)အထိ ကျင်းပမည်ဖြစ်သည်။

ထိုသို့ ကျင်းပချိန်၌ ဘုရားဖူးလာသူများအားအခ မဲ့တည်းခိုနိုင်ရန် ပြည့်စုံဓမ္မာရုံနှင့်ဆီမီး(၉၀၀၀)ဓ မ္မာရုံတို့အား စီစဉ်ပေးထားသည်ဟု ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပ ကအဖွဲ့မှ သိရသည်။

အလားတူ ဘုရားဖူးလာသူများအတွက် ကင်မွန်းစခန်းတောင်ခြေတွင် သန့်ရှင်းသည့်ထမင်းဆိုင်များ၊အမှတ်တရပစ္စည်းဆိုင်များဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကာ ရင်ပြင်တော်ပေါ်တွင်လည်း ထ မင်းဆိုင်များ၊အမှတ်တရပစ္စည်းဆိုင်များကို ဘ ဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီရောင်းချခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘုရားဖူးလာသူများအား ကိုဗစ်(၁၉)ရော ဂါပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ Mask တပ်ဆင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကိုယ်အပူချိန်တိုင်းပြီးမှသာဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ခွင့်ပြုသွားမည်ဖြစ် သည်။

ထို့အတူ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်ပါက ရင်ပြင်တော်ပေါ်တွင် ဖွင့်လှစ်ထားသည့် ကျန်းမာ ရေးဌာနမှကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကျိုက်ထီးရီုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၁၉ /၂၀၂၀ တွင် ကိုဗစ်(၁၉)ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့သည့်အပြင် တောင်တော်အားယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁/၂၀၂၂ ၌ဘုရားပွဲတော်အား ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here