တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
82

တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ထူး(၅၄)နှစ်ခန့်သည် စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၀ နာရီကျော်ခန့်က အမည်မသိအမျိုးသားများက ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ထူးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ထူးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးက ရဲတပ်ကြပ်အဆင့်နဲ့ပစ်စင်ယူထားတာပါ အုပ်ချုပ်ရေးမှူးဖြစ်လာတာတော့ မကြာသေးဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဇဝဲကျေးရွာအတွင်းနှင့်လမ်းမများပေါ်၌ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here