ဒဂုံတောင်ပိုင်းတွင် ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
201

ဒဂုံတောင်ပိုင်းတွင် ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်တွင် စက်တင်ဘာ ၂၉ ရက်(ယနေ့)နံနက်ပိုင်းက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး အမျိုးသမီးတစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၈ နာရီကျော်ခန့်က အမည်မသိအမျိုး သားများသည် သံလွင်လမ်းနှင့်ထားဝယ်လမ်းထောင့်ရှိ ကားမှတ်တိုင်၌ အမျိုးသမီးတစ်ဦးအားလိုက်ပို့သည့် ရာအိမ်မှူးဦးဇော်လင်းထွန်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဦးဇော်လင်းထွန်းမှ ကျည်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ အမျိုးသမီးတစ်ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရာအိမ်မှူး၏ရုပ်အလောင်းနှင့်ကျည်ထိမှန်ဒဏ်ရာရရှိသည့် အမျိုးသမီးတို့အား လူနာ တင်ကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ၂၅ ရပ် ကွက်အတွင်းနှင့်လမ်းမများပေါ်၌ ဖြတ်သန်းသွား လာနေသည့်ကားများနှင့်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရာအိမ်မှူးဦးဇော်လင်းထွန်းအား မည်သည့်အဖွဲ့မှပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here