နောင်လာမည့်လွှတ်တော်သက်တမ်းတွင် နိုင်ငံ ရေးပါတီများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များကိုပေါင်းစပ်၍ ဆွေးနွေးသွားမည်

0
139

နောင်လာမည့်လွှတ်တော်သက်တမ်းတွင် နိုင်ငံ ရေးပါတီများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များကိုပေါင်းစပ်၍ ဆွေးနွေးသွားမည်

နစက အစည်းအဝေး(၈/၂၀၂၂)အား စက်တင် ဘာ ၂၇ ရက်ကနေပြည်တော်၌ပြုလုပ်စဥ် နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

ခရီးသွားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ရာတွင် နိုင်ငံအတွင်း နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများရှိရန်လိုအပ်၍ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုအ တွက် နိုင်ငံရေးပါတီများအား နိုင်ငံရေးအရ လှုံ့ ဆော်မှုများပြုလုပ်ခြင်းမှလွဲ၍ ပါတီတွင်းတွေ့ဆုံမှုများ၊အခြားအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ခြင်းကို ခွင့်ပြုပေးထားသည်ဟု ပြောသည်။

“နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးကဏ္ဍနဲ့နိုင်ငံရေးဆိုင်ရာကိစ္စတွေကို ဆွေနွေးနေပါတယ် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပါတီတွေဘက်က အဆိုပြုချက်တွေလည်းရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးရရှိရန် တွေ့ဆုံဆွေးနွေးနေမှုများပြုလုပ်၍ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“နောင်လာမယ့် လွှတ်တော်သက်တမ်းမှာ နိုင်ငံ ရေးပါတီတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကို ပေါင်းစပ်ပြီး လွှတ်တော်မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ် အဲဒီလို ဆောင်ရွက်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုလျှင်မြန်စေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လုံခြုံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပစ်ခတ်တိုက်ခိုက်မှုများမဖြစ်စေရေးကို တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊စည်းစိမ်များထိခိုက်မှုမရှိစေရန် တပ်မ တော်မှ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောသည်။

အလားတူ တပ်မတော်သည် နိုင်ငံတော်ကာကွယ် ရေးအတွက် ခိုင်မာသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်တွေ့နယ်ပယ်၌ PDF များနှင့်ဆက်နွယ်နေသည့် EAO အဖွဲ့များတွင် ထိခိုက်မှုများ များ ပြားလျက်ရှိကာ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့် ဒေသများ၌ ထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားနေ သည်ဟု ပြောသည်။

“ပြည်သူလူထု၊ တပ်မတော်နဲ့ရဲတပ်ဖွဲ့တွေကို ထိ ခိုက်မှုတွေရှိလာရင် လက်တွေ့ကျတဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ် တပ်မတော်အနေနဲ့ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ဖက်ဒရယ်အခွင့်အရေးများ ပေးရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်ပြီး ဖက်ဒရယ်စနစ် ကျင့်သုံးသည့် အခြားနိုင်ငံများတွင်လည်း အ လားတူပင်ဖြစ်သည်ဟု ပြောသည်။

ထို့အတူ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပထမအ ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို မျက်ကွယ်ပြု၍မရဟု ပြောသည်။

“ပြည်ပ ပရောဂတွေကြောင့် လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စတွေ ပါဝင်နေပါတယ် အဲဒါနဲ့ပတ်သက်ပြီး ဆောင် ရွက်လို့ရတာတွေရှိပါတယ် နှစ်ဖက်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကို ညှိနှိုင်းပြီးသဘောတူညီချက်ရမယ်ဆိုရင် ပြင်ဆင်ရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်လို့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင် ဆင်လိုသည်များကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ဖွဲ့စည်း ပုံအခြေခံဥပဒေအပေါ်တွင် လေးစားစွာဆောင် ရွက်သည့် သိက္ခာကို ဖော်ဆောင်နိုင်မည်ဖြစ်ကာ လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက် ၍မရဘဲ တိုင်းရင်သားစည်းလုံး ညီညွတ်မှုကို အားလုံးတညီတညွတ်တည်း ရှိခဲ့သည်ကိုပြသခဲ့သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံဆောင်ရွက်ရမည်ဟု ပြောသည်။

“ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ဖို့ အ ချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်တဲ့အတွက် ဖက်ဒရယ်အခွင့်အရေးတွေကို တိုင်းနဲ့ပြည်နယ်အား လုံး တစ်ပြေးညီရရှိဖို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ် မိမိတို့အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ဖို့ကို ဆောင်ရွက်နေပါတယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကြိုတင်သဘောတူညီချက်များရရှိဖို့ကို ဆောင် ရွက်နေပါတယ် ဖြစ်နိုင်တာတွေကို ဆွေးနွေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here