ဟာရီကိန်း အီယန် ဖလော်ရီဒါအနောက်တောင်ပိုင်းသို့ ပြင်းထန်စွာတိုက်ခတ်

0
380

ဟာရီကိန်း အီယန် ဖလော်ရီဒါအနောက်တောင်ပိုင်းသို့ ပြင်းထန်စွာတိုက်ခတ်

ဟာရီကိန်းအီယန်သည် ဖလော်ရီဒါပြည်နယ် အနောက်ဖက်ကမ်းခြေသို့ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ဝင်ရောက်ခဲ့ပြီးနောက်၊ ကုန်းတွင်းပိုင်း မြေပြင်အထက် ၁၈ ပေမြင့်သည့် ဒေသများအထိတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားစေခဲ့ကြောင်း အမေရိကန်နိုင်ငံ အမျိုးသား ဟာရီကိန်းစင်တာကပြောကြားသည်။

ထို့အပြင် Pirate ကမ်းခြေအနီးတွင်လည်း မြေပြိုမှုများဖြစ်ပွာခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့ည ၁၁ နာရီတွင် အဆင့် ၁ မုန်တိုင်းအဖြစ်ရောက်ရှိခဲ့ကာ၊ ကြာသပတေးနေ့အထိ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း ဟာရီကိန်းစင်တာကဆိုသည်။ ဖလော်ရီဒါဒေသများဝယ် လျှစ်စစ်ဓာတ်အားပြတ်တောက်မှုများကို လူပေါင်း ၂သန်းကျော်မျှ ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိခိုက်ဒဏ်ရာမှု၊ သေဆုံးမှုနှင့် ပျက်စီးမှုများ အသေးစိတ်ကို မသိရသေးချေ။

Ref: Hurricane Ian slams southwest Florida with “catastrophic” storm surge


LEAVE A REPLY

Please enter your comment!
Please enter your name here