သထုံမြို့နယ်တွင် လဖက်ရည်ဆိုင်ထိုင်နေသည့် ပြည်သူ့စစ်အဖွဲ့ဒု-ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ ခြောက်လုံးပြူးသေနတ်ပါသွား

0
349

သထုံမြို့နယ်တွင် လဖက်ရည်ဆိုင်ထိုင်နေသည့် ပြည်သူ့စစ်အဖွဲ့ဒု-ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ ခြောက်လုံးပြူးသေနတ်ပါသွား

မွန်ပြည်နယ်၊သထုံမြို့နယ်၊ဒေးဗရိန်းကျေးရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ပြည်သူ့စစ်အဖွဲ့ ဒု-ခေါင်းဆောင်ဦးစိုးဝင်း(၅၆)နှစ်သည် စက်တင် ဘာ ၂၉ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီခွဲကျော်ခန့်က အမည်မသိအမျိုးသားများသည် လဖက်ရည်ဆိုင်ထိုင်နေသည့် ဦးစိုးဝင်းအား သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုးဝင်း၏ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်၊ကျည်ဆံအချို့နှင့်စာရွက်စာတမ်းများအား အမည်မသိအမျိုးသားများက ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ပြည်သူ့စစ်ဒု-ခေါင်းဆောင်ဖြစ်သည့် ဦးစိုးဝင်းအား သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here