မြောက်ကိုရီးယားသည် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၇ ရက်အတွင်း နျူစမ်းသပ်မှုပြုလုပ်နိုင်

0
303

မြောက်ကိုရီးယားသည် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၇ ရက်အတွင်း နျူစမ်းသပ်မှုပြုလုပ်နိုင်

ဆိုးလ်၊စက်တင်ဘာ ၂၈

မြောက်ကိုရီးယားသည် နျူစမ်းသပ်မှုပြုလုပ်ရန်ပြင်ဆင်မှုများ ပြီးစီးနေပြီဖြစ်ကာ အကောင်အထည်ဖော်ရန်ဖြစ်နိုင်ချေရှိသောအချိန်သည် အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၇ ရက်အတွင်းဖြစ်နိုင်သည်ဟု တောင်ကိုရီးယားလွှတ်တော်အမတ်များက ၎င်းတို၏လျှို့ဝှက်အေဂျင်စီများကပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့ကဖွင့်ဟခဲ့သည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည့် မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုအတွက်ပြင်ဆင်မှုများအား ၂၀၀၆ ခုနှစ်ကတည်းက မြေအောက်စမ်းသပ်မှုခြောက်ခုပြုလုပ်ခဲ့သည့် Punggye – ri အမည်ရှိစမ်းသပ်မှုပြုလုပ်သည့် ဥမင်လိုဏ်ခေါင်းတွင်ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားထောက်လှမ်းရေးဌာန (NIS) ၏ရှင်းလင်းချက်အပြီးတွင် လွှတ်တော်အမတ်နှစ်ဦးကသတင်းထောက်များအားပြောကြားခဲ့သည်။

စမ်းသပ်မှုပြုလုပ်မည့်အချိန်သည် မြောက်ကိုရီးယား၏အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ၏ကွန်ဂရက်ပါတီညီလာခံကျင်းပမည့်ရက်နှင့် မြောက်ကိုရီးယား၏ အဓိကပြိုင်ဘက်ဖြစ်သော အမေရိက၏ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည့် နိုဝင်ဘာလ ၇ ရက်နေ့များတွင်ဖြစ်နိုင်ကြောင်း၎င်းတိုကပြောကြားခဲ့သည်။ထိုအပြင် ပြုံယမ်း၏ကိုဗစ်ကူးစက်ပျံ့နှံမှု ကိုထိန်းချုပ်နိုင်မှု ရှိမရှိအပေါ်တွင်လည်း မူတည်နိုင်ကြောင်း၎င်းတိုကပြောကြားခဲ့သည်။

“NIS အနေနဲ့ ဖြစ်နိုင်ချေကိုအတိအကျ မတွက်ချက်နိုင်ပေမယ့် နိုင်ငံတကာဆက်ဆံရေးနဲ့ ကိုဗစ်အခြေအနေတွေကိုအခြေခံပြီးတော့ ဆုံးဖြတ်ချက်တစ်ခုခုကိုတော့ မြောက်ကိုရီးယားကချမှတ်လိမ့်မယ်လိုယူဆပါတယ်” ဟု အမတ်တစ်ဦးဖြစ်သူ Yun – Kun – young ကပြောကြားခဲ့သည်။

အခြားအမတ်တစ်ဦးဖြစ်သူ Yoo Sang – bum ကမူ NIS အနေဖြင့် မြောက်ကိုရီးယား၏ အစောပိုင်းကာလက ကိုဗစ်အဆုံးသတ်သွားပြီဟူသည့် ပြောကြားချက်သည် ယုံကြည်နိုင်ဖွယ်မရှိဟု ရှုမြင်ကြောင်းပြောကြားခဲ့သည်။အကြောင်းမှာ မြောက်ကိုရီးယားသည် လော့ခ်ဒေါင်းချမှုများကို ခဏခဏပြုလုပ်လျက်ရှိသည့်အပြင် အစုလိုက်အပြုံလိုက်ကာကွယ်ဆေးထိုးနှံမှုပြုလုပ်နေသည့် တရုတ်နယ်စပ်အနီးရှိဧရိယာများကို ပြန်လည်ဖွင့်လှစ်ပေးလိုက်သောကြောင့်ဖြစ်သည်ဟုဆိုသည်။

နိုင်ငံတွင်း၌ ကိုဗစ်ကူးစက်ခံရသူမည်မျှရှိသည်ကို အတည်မပြုနိုင်သေးသကဲ့ သို ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်စစ်ဆေးမှုကင်းမဲ့နေပုံပေါ်သော်လည်း မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် ကိုဗစ်ကိုအနိုင်တိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့ပြီး ကန့်သတ်ချက်အချိုကိုလည်း ပြီးခဲ့သည့်လကဖြေလျှော့ပေးခဲ့သည်။

ယခုလစောပိုင်းကလည်း ကင်မ်သည် ၎င်း၏တိုင်းပြည်တွင် အောက်တိုဘာလဝန်းကျင်၌ ယခင်ကူးစက်မှုများကြောင့် ခုခံအားကျဆင်းလာနိုင်သဖြင့် ရောဂါဖြစ်ပွားမှုပြန်လည်ပေါ်ပေါက်လာနိုင်သည်ကို သတိပေးလျက် ကိုဗစ်ကာကွယ်ဆေးကိုနိုဝင်ဘာလတွင် စတင်ထိုးနှံနိုင်မည်ဖြစ်သည်ဟု တင်ပြခဲ့သည်။

Source –Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here