Sunday, December 22, 2024

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့်...

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...
HomeInternationalအစ္စရေးနှင့်တောင်ကိုရီးယားတို ၏လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် ဒီဇင်ဘာ...

အစ္စရေးနှင့်တောင်ကိုရီးယားတို ၏လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် ဒီဇင်ဘာ ၁ ရက်နေ့စတင်အကျိုးသက်‌ရောက်မည်

အစ္စရေးနှင့်တောင်ကိုရီးယားတို ၏လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် ဒီဇင်ဘာ ၁ ရက်နေ့စတင်အကျိုးသက်‌ရောက်မည်

ဂျေရုဆလင်၊စက်တင်ဘာ ၂၈

အစ္စရေးနှင့်တောင်ကိုရီးယားတို၏ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်သည် ဒီဇင်ဘာ ၁ ရက်တွင်စတင်အကျိုးသက်‌ ရောက်မည်ဖြစ်ကြောင်း အစ္စရေးစီးပွားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်ကပြောကြားခဲ့ပြီး ကိုရီးယားလုပ်ကားများ၊အရုပ်များ၊ဗီဒီယိုဂိမ်းစက်များနှင့် ပဲငံပြာရည်ဈေးနှုန်းများကို လျှော့ချရန် မျှော်လင့်ထားကြောင်းလည်းပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်အား ကိုရီးယားပါလီမန်က အင်္ဂါနေ့ကအတည်ပြုခဲ့ခြင်းဖြစ်သည်။တောင်ကိုရီးယားတွင် အခြားလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက် ၁၈ ခုလည်းရှိကာ အစ္စရေး၏စီးပွားရေးကို တစ်နှစ်လျှင် ရှီကယ် သန်း ၅၀၀ (ကန်ဒေါ်လာ ၁၄၁ သန်း) ခန့်ကို အကျိုးပြုနိုင်သောကြောင့် အစ္စရေးတင်ပိုသူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်နိုင်မည်ဟုဝန်ကြီးဌာနကခန့်မှန်းထားသည်။

ထိုပြင် ယခုသဘောတူညီချက်သည် တောင်ကိုရီးယားသိုအစ္စရေး၏ပိုကုန်များကို အမယ်စုံစေပြီး ပိုမို များပြားစေနိုင်သည့်အပြင် အစ္စရေးဈေးကွက်တွင် တောင်ကိုရီးယားရင်းနှီးမြှုပ်နှံမှုများကို အားပေးနိုင်မည်ဟုလည်း မျှော်လင့်ထားသည်။

၂၀၂၁ ခုနှစ်မေလက လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်သည် အာရှနိုင်ငံတစ်ခုနှင့် အစ္စရေး၏ပထမဆုံးသဘောတူညီချက်ဖြစ်ပြီး သွင်းကုန်၊ပိုကုန်နှင့်ရင်းနှီးမြှုပ်နှံမှုများအတွက်လည်း အကောက်ခွန်လျှော့ချပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။တောင်ကိုရီးယားသို အစ္စရေး၏တင်ပိုမှု ၉၅ ရာခိုင်နှုန်းသည် အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

အစ္စရေးသည်မကြာသေးမီကပင် အာရပ်စော်ဘွားများပြည်ထောင်စုနှင့်လည်း လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကိုလည်း ပြုလုပ်ခဲ့ပြီး တရုတ်၊ဗီယက်နမ်၊ဘာရိန်း၊ဗြိတိန်တိုနှင့်လည်း အလားတူသဘောတူညီချက်များ ညှိနှိင်းလျက်ရှိကြောင်းသိရှိရသည်။

အစ္စရေးနှင့်တောင်ကိုရီးယားနှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့်ရှိခဲ့သည်။

Source -Reuters/st

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့် စနစ်ဖြင့် စီမံခန့်ခွဲခြင်းမလုပ်ပါက ယင်းကို လွှဲပြောင်းပေးအပ်ရန် အမေရိကမဟာမိတ်ထံ သူ တောင်းဆိုသွားမှာဖြစ်ကြောင်း ဆိုခဲ့သည်။ Truth ဆိုရှယ်မီဒီယာပေါ်တွင် ညနေပိုင်းတင်ခဲ့သောပို့စ်၌ တူးမြောင်းကို မသင့်တော်သောသူ ၏ လက်တွင်းကျရောက်ခံမည်မဟုတ်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။ တူးမြောင်းကို တရုတ်နိုင်ငံက စီမံခန့်ခွဲမှုမရသင့်ဟု ရေး သား ခဲ့ကာ တူးမြောင်းကို ဖြတ်သန်းမှုအပေါ် တရုတ်၏ သြဇာလွှမ်းမိုးလာနိုင်ခြေရှိခြင်းကို...

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ထွက်ခွာကြရန် ကယ်‌ဆယ်ရေးအဖွဲ့များ ထပ်မံသတိပေး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက် စင်းခန်း သို့မဟုတ် ရွှေကူမြို့လောက်ထိ ရေလမ်းထွက်လို့ရနေတုန်းမို့ ထွက်ထားကြပါရန် ထပ်ကာ ထပ်ကာ ဆော်ဩနေပါတယ်။ အသက်အန္တရာယ်အရေးကြီးနေချိန်မို့ အခြားအရာအားလုံးထက် ပထမဦးစား‌ပေးစဉ်းစားပေးကြဖို့ တိုက်တွန်းပါရစေ။" ဟု ဆိုသည်။ ယမန်နေ့က စင်းခန်းကျေးရွာသို့ ရောက်ရှိနေသော ဒေသခံစစ်ရှောင် (၃၀) ကျော်အား သွားရောက်ကယ်ထုတ်လာသည့် ဒေသတွင်း ပူးပေါင်းကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်(၃)စီးသည် ယနေ့ မန္တလေးမြို့သို့ ထပ်မံ...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်(၁၀)နာရီ အချိန်၌ ရှမ်း/တောင် မိုင်းပန်မြို့တွင် ပြုလုပ်သည့် ဒေသန္တရအုပ်ချုပ်ရေးသင်တန်းအပတ်စဉ် (၁/၂၄) သင်တန်း ဆင်းပွဲသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ် အနေဖြင့် ယခုလ ဒီဇင်ဘာ (၄)ရက်မှ ဒီဇင်ဘာ(၂၀)ရက်အထိ (၂) ပတ်ကျော်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းအား RCSS/SSA ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071