Sunday, December 22, 2024

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...
HomeInternationalကန်ဒုသမ္မတကမ်မလာဟဲရစ် တောင်ကိုရီးယားရောက်

ကန်ဒုသမ္မတကမ်မလာဟဲရစ် တောင်ကိုရီးယားရောက်

ကန်ဒုသမ္မတကမ်မလာဟဲရစ် တောင်ကိုရီးယားရောက်

ဆိုးလ်၊စက်တင်ဘာ ၂၉

အမေရိကန်ဒုတိယသမ္မတကမ်မလာဟဲရစ်သည် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များထပ်မံစမ်းသပ်ပြီး တစ်ရက်အကြာ စက်တင်ဘာ ၂၉ ရက် ကြာသပတေးနေ့၌ ဝါရှင်တန်နှင့်ဆိုးလ်ကြား မဟာမိတ်ဆက်ဆံရေးပိုမိုအားကောင်းလာစေရန် တောင်ကိုရီးယားသို့လာရောက်ခဲ့သည်။

လုပ်ကြံခံခဲ့ရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏နိုင်ငံတော်ဈာပန တက်ရောက်ရန်တိုကျိုမြို့သို့သွားရောက်ခဲ့သည့် မစ္စဟဲရစ်သည် တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်နှင့်လည်းတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

သူ့အနေဖြင့်မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားကိုပိုင်းခြားထားသည့် စစ်မဲ့ဇုန်နေရာသွားလည်းသွားရောက်မည်ဖြစ်ပြီး အဆိုပါလုပ်ရပ်သည် ပြုံယမ်းအားဒေါသထွက်စေနိုင်သည့် လှုပ်ရှားမှုတစ်ခုလည်းဖြစ်သည်။

ဩဂုတ်လအတွင်းကနယ်စပ်သို့သွားရောက်ခဲ့သည့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီအား မြောက်ကိုရီးယားက နိုင်ငံတကာငြိမ်းချမ်းရေးကို အဆိုးရွားဆုံးဖျက်ဆီးသူအဖြစ် တံဆိပ်ကပ်ခဲ့သည်။မြောက်ကိုရီးယားသည် ဟဲရစ်၏တောင်ကိုရီးယားခရီးစဉ်အကြိုယခုသီတင်းပတ်အတွင်း တားမြစ်ထားသောဒုံးကျည်စမ်းသပ်မှုကိုနှစ်ကြိမ်ပြုလုပ်ခဲ့သည်။

ဂျပန်မှမထွက်ခွာမီ အမေရိကန်ဖျက်သင်္ဘောတစ်စင်းပေါ်၌ ဟဲရစ်ကပြောကြားခဲ့သည်မှာ မြောက်ကိုရီးယားသည် ၎င်းတို့၏တရားမဝင်လက်နက်များ၊ဒုံးကျည်အသစ်ပစ်လွှတ်မှုများဖြင့် ဒေသတွင်းတည်ငြိမ်ရေးကိုခြိမ်းခြောက်နေသည်ဟု စွပ်စွဲခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်သည် နောက်ထပ်နျူစမ်းသပ်မှုပြုလုပ်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တာဝန်ရှိသူများကသတိပေးထားကာ အဆိုပါစမ်းသပ်မှုသည် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်အပြီး နောက်လအစောပိုင်းလောက်တွင်ဖြစ်နိုင်သည်ဟု တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီကပြောကြားခဲ့သည်။ပြုံယမ်းအနေဖြင့်နျူစမ်းသပ်မှုပြုလုပ်ရန် အောက်တိုဘာ ၁၆ ရက်နေ့၌ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်အပြီးနှင့် နိုဝင်ဘာလ ၇ ရက်နေ့တွင်ပြုလုပ်မည့် အမေရိကန်၏ကြားဖြတ်ရွေးကောက်ပွဲနှစ်ခုအကြားမည်သည့်အချိန်တွင်ပြုလုပ်မည်ကိုရွေးချယ်လိမ့်မည်ဟုလည်းဖော်ပြထားသည်။

မြောက်ကိုရီးယား၏ရန်စမှုများကို ဆန့်ကျင် အင်အားပြလိုသည့်ရည်ရွယ်ချက်ဖြင့် တောင်ကိုရီးယားနှင့်အမေရိကတို့သည်လည်း ယခုအပတ်အတွင်းကြီးမားသည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်လျက်ရှိသည်။

သမ္မတယွန်နှင့်တွေ့ဆုံပါက မစ္စဟဲရစ်သည် နိုင်ငံများ၏ကာလရှည်ကြာ လုံခြုံရေးမဟာမိတ်၊၎င်းတို့၏ကြီးထွားလာသော စီးပွားရေးနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် အခြားသောဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကိုပါ ဆွေးနွေးရန်စီစဉ်ထားကြောင်းသူ၏ရုံးကပြောကြားခဲ့သည်။

ဆိုးလ်အနေဖြင့် အမေရိကပြင်ပတွင်ထုတ်လုပ်သည့်လျှပ်စစ်ကားများအတွက် ထောက်ပံ့ကြေးများကိုဖယ်ရှားလိုက်ခြင်းအတွက် သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုးပေးလိုက်သည့် ဥပဒေနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများမြင့်တက်လာကာ Hyundai နှင့် KIA ကဲ့သို့သော ကိုရီးယားကားထုတ်လုပ်ငန်းများအပေါ်ထိခိုက်နိုင်ဖွယ်ရှိသည့်အတွက်လည်း စိုးရိမ်နေကြရသည်။

ထပ်မံ၍ဆိုးလ်သည် အမေရိကအပါအဝင်ဂျပန်နှင့်လည်း ရေငုပ်သင်္ဘောလေ့ကျင့်မှုများလည်းပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။ပြုံယမ်းသည်ရေငုပ်သင်္ဘောမှပစ်လွှတ်မည့် ပဲ့ထိန်းဒုံးကျည်ကိုလည်း စမ်းသပ်ရန်ပြင်ဆင်နေသည်ကို တာဝန်ရှိသူများကတွေ့ရှိခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကပြောကြားခဲ့သဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အနေဖြင့်သုံးနိုင်ငံလေ့ကျင့်မှုများပြုလုပ်သွားမည်ဟုလည်း ကြာသပတေးနေ့ကဆိုးလ်ကပြောကြားခဲ့သည်။

Source – AFP/fh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါ အဆင့်မြှင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ဒီဇင်ဘာ (၂၁)ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ...

YPS ကတ် နှင့် Qr Code အသုံးပြုသူ သုံးသိန်းခွဲကျော်ရှိလာ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် YPS ကတ်ကို စတင်ဖြန့်သည့်အချိန်မှ လက်ရှိအချိန်အထိ (၅၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း ခန့်အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သူကဆိုသည်။ လက်ရှိတွင် YPS ကတ်ကို...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ ဖြစ်ပွားမှုမရှိဟု ဆို

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်တွင် ဝမ်းပျက်ဝမ်းလျောသူအချို့ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် အခြေခံ၍ မြဝတီမြို့၏ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မြဝတီမှာတော့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်တဲ့သူမရှိပါဘူး။ ကျွန်တော်တို့ကဆေးရုံအမြဲဝင်ထွက်နေတဲ့သူတွေ အသိဆုံးပါ။ ရွှေကုက္ကိုလ်မြို့မှာတော့ အယောက်(၄၀)လောက် ဝမ်းပျက်ဝမ်းလျောနေတဲ့သူတွေ ရှိတယ်လို့ သိရပေမယ့် ဘာကြောင့်ဖြစ်တာလဲတော့မသိဘူး"ဟု ၎င်း သိရှိထားမှုအား ရှင်းပြသည်။ ယင်းနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071