ပုဂ္ဂလိက စက်ရုံများသို့ သွား​ရောက်ခဲ့သည့် နစက ဥက္ကဌ

0
201

စက်တင်ဘာ ၂၉တွင် မန္တ​လေးမြို့၊စက်မှုဇုန်(၁) အတွင်းလုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ​နစက ဥက္ကဌနှင့်အဖွဲ့ကသွား​ရောက်လေ့လာခဲ့ကြသည်။ 

ထိုသို့သွား​ရောက်ရာတွင်မောရိယတိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်းသို့ရောက်ရှိစဥ်  စက်ရုံမှူး ဦးနေဝင်းက မောရိယတိုင်းဆေးဝါးကို ရှေးယခင် နှစ်ပေါင်း ၁၆၀ မှစ၍ ထုတ်လုပ်ခဲ့မှု၊လက်ရှိအချိန်တွင် ဆေးဝါးများကိုအဆင့်မီစွာဆက်လက်ထုတ် လုပ်နေမှုအခြေအနေများ ရှင်းလင်းတင်ပြ သည်။

“အခု မောရိယဆေးဝါးထုတ်လုပ်ရေးဟာ နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိပြီး ကောင်းမွန်တဲ့ အစဉ်အလာကောင်းများရှိတာကြောင့် စနစ်တကျထိန်းသိမ်းပြီး အောင်မြင်အောင်ဆက်လက်ဆောင်ရွက်စေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက အား​ပေးတိုက်တွန်းခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ Super Mandalay Co.Ltd ၏ ဘုရင်ဘီစကစ်စက်ရုံတွင် ကုန်ကြမ်းအဆင့်မှထုပ်ပိုးမှုအထိ ကုန်ပစ္စည်းများ အဆင့်ဆင့်ထုတ်လုပ်နေမှုကိုလည်း ကြည့်ရှုခဲ့သည်။

အလားတူ ပိုင်ဖြိုးမြန်မာကုမ္ပဏီ၏ အောင်နိုင်သူ တွင်နှင့်သံရည်ကျိုလယ်ယာသုံးရေပန့်သံမဏိသွန်းထည်လုပ်ငန်း၏ ကုန်ကြမ်းစုဆောင်းရရှိမှု၊ကုန်ကြမ်းမှတဆင့် သံရည်ကျိုချက်ပြီး စိုက်ပျိုး ရေးလုပ်ငန်းသုံးရေစုပ်ပန့် အပါအဝင် ပန့်အမျိုးမျိုးနှင့်ပန့်အပိုပစ္စည်းများ၊သတ္တုသွန်းထည်ပ စ္စည်းများ၊ကြိတ်ခွဲရေးလုပ်ငန်းသုံးအပိုပစ္စည်းများ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးသံထည်ပစ္စည်းများထုတ်လုပ်နေမှုတို့ကို ကြည့်ရှုခဲ့သည်။

စက်မှုလုပ်ငန်းနှင့် အစိုးရကြား ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ဦးစားပေးလုပ်ငန်းသုံးရပ် မှာ ဆန်းသစ်တီထွင်မှု၊ ပူး​ပေါင်းပါဝင်မှုနှင့် ရေရှည်တည်တံ့​အောင်လုပ်​ဆောင်မှုတို့ ဖြစ်သည်ဟု ယခုနှစ် ကမ္ဘာ့စီးပွား​ရေးဖိုရမ်ကလည်း အဆင့်မြင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အ​ဖြေများအဖြစ် သုံးသပ်ချက်ထုတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here